ဆီးရီးယားအပေါ် ထပ်မံဒဏ်ခတ်ဖို့ အီးယူသဘောတူ

  • 23 မတ် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတအာဆတ်ရဲ့ ဇနီး အက်စ်မာကို ဥရောပ သမဂ္ဂ နိုင်ငံတွေဆီ လာခွင့်ပိတ်

ဥရောပသမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဆီးရီးယားနိုင်ငံ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ထပ်လို့ဖို့ သဘာတူလိုက်ကြပြီ ဖြစ်တယ်လို့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်က အရာရှိတွေက ပြောပါတယ်။

အခု အသစ်ချမှတ်မယ့် ဒဏ်ခတ် ပိတ်ဆို့ မှုတွေထဲမှာ ဆီးရီးယား သမ္မတ ဘာရှားအဲလ် အာဆတ်ရဲ့ ဇနီးဖြစ်သူ အက်စ်မာနဲ့ တခြား မိသားစုဝင်တွေရဲ့ ဥရောပ သမဂ္ဂနိုင်ငံတွေဆီ ခရီးသွားလာခွင့်ကို ပိတ်ပင်တာလည်း ပါဝင်ပါတယ်။

နောက်ပြီး ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမယ့် ဒဏ်ခတ်မှုတွေထဲမှာတော့ သမ္မတ အာဆတ်နဲ့ နီးစပ်တဲ့သူ ၁၂ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်က အခုလို ဒဏ်ခတ် အရေးယူမှုတွေဟာ ထိရောက်မှုရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဗြိတိန် နယ်စပ် ဖြတ်ကျော်မှုဆိုင်ရာ အေဂျင်စီ ကတော့ အခုလို တားမြစ်မှုတွေ ချမှတ်ထား ပေမယ့်လည်း အက်စ်မာဟာ ဗြိတိန်နိုင်ငံသား ဖြစ်နေတဲ့ အတွက် ဗြိတိန်ကို လာမယ်ဆိုရင် ငြင်းပယ်လို့ မရဘူးလို့ ပြောပါတယ်။