သမ္မတ အိုဘားမား တောင်ကိုရီးယားရောက်

  • 25 မတ် 2012
obama ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် သမ္မတ ဘာရက် အိုဘားမား ဟာ တောင်ကိုရီးယား နိုင်ငံကို ၃ ရက်ကြာ ခရီးစဉ် စတင် ဖို့ ရောက်ရှိလာပါတယ်။

ဒီခရီးစဉ်မှာ အဓိကအားဖြင့် ဆွေးနွေးမှာ ကတော့ မြောက်ကိုရီးယား နဲ့ ဖြစ်နေ ကြတဲ့ နျူကလီးယား အကျပ်အတည်း တွေနဲ့ ပဲ ပတ်သက် နေဖို့ များပါတယ်။

သူဟာ ဆိုးလ် မြို့တော်မှာ ကျင်းပမဲ့ နျူကလီးယား လုံခြုံရေး ဆိုင်ရာ ထိတ်သီး ဆွေးနွေးပွဲ ကိုလည်း တက်ရောက်ဖို့ ရှိပြီး မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နိုင်ငံ အကြား မှာရှိတဲ့ စစ်မဲ့ဇုန် ဆီကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

မြောက် ကိုရီးယားက အာကာသထဲမှာ ဂြိုလ်တု တလုံး လွှတ်တင် ထား ရှိသွားဖို့ အတွက် စီစဉ် နေတယ်လို့ ကြေငြာလိုက် အပြီးမှာ အခုလို ခရီးစဉ် ကို စတင်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယားနဲ့ ဂျပန် တို့က အခုလို ဂြိုလ်တု လွှတ်တင် ဖို့ဆိုပြီး ပြောတာဟာ တကယ်တော့ တာဝေးပစ် ဒုံးကျည်တွေကို စမ်းသပ်ဖို့ အတွက် ဟန်ဆောင် ဖုံးကွယ် ထားမှုတရပ် သာ ဖြစ်လိမ့်မယ်လို့ ယုံကြည် ယူဆ နေကြပါတယ်။