ကချင်ဒုက္ခသည်တချို့အတွက် ကုလသမဂ္ဂ ကူညီနိုင်

  • 25 မတ် 2012
ဓာတ်ပုံ မူပိုင် HRW
Image caption အကူအညီပေးမှုကို ကုလသမဂ္ဂ အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တကြိမ်ပဲ လုပ်နိုင်ခဲ့ပါတယ်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့သူ ထောင်ပေါင်းများစွာထဲက တချို့သူတွေအတွက် လိုအပ်နေတဲ့ အကူအညီတွေ ပေးဖို့ စီစဉ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားပါတယ်။

လူပေါင်း ၁၀၀၀ လောက်အတွက် တလစာ အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေကို တင်ဆောင် ထားတဲ့ ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းဟာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အဲဒီ နယ်မြေတွေဘက်ကို ဝင်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတွေဘက်မှာ အကူအညီ အများအပြားကို ဖြန့်ဝေ ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း အဲဒီ ကုလသမဂ္ဂအဖွဲ့ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

ကုလသမဂ္ဂကနေ အလားတူ အကူအညီ ပေးနိုင်မှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက တကြိမ်ပဲ လုပ်ဆောင် နိုင်ခဲ့ပါတယ်။

ပြီးခဲတဲ့နှစ် ဇွန်လက စလို့ အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်တပ် KIA တပ်ဖွဲ့တွေ အကြား ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၅ သောင်းခွဲ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။