မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို ပုပ်ရဟန်းမင်းကြီး ရှုံ့ချ

  • 25 မတ် 2012
benedict
Image caption ပုပ်ရဟန်း မင်းကြီး ဘဲန်းနဒစ်

မက္ကဆီကို နိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်း မင်းကြီး ဘဲန်းနဒစ်က လူထုစုရုံးပွဲကြီး တခုမှာ မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ် နေမှုတွေနဲ့ အဂတိ လိုက်စားမှု တွေကို ပြစ်တင် ရှုံ့ချလိုက် ပါတယ်။

ပုပ်ရဟန်း မင်းကြီးက ကက်သလိတ် ယုံကြည် ကိုးကွယ်ကြသူ တွေကို လက်တုန့်ပြန် ခြင်းနဲ့ တိုက်ခိုက်ခြင်း တွေကို လက်မခံ ကြဖို့နဲ့ ဆင်းရဲနွမ်းပါးမှု တွေနဲ့ ရာဇဝတ် ပြစ်မှု တွေနဲ့ ပတ်သက်လို့ တုန့်ပြန် နိုင်ဖို့ ဘာသာရေး ကိုအာရုံစိုက်ကြဖို့ကို တိုက်တွန်း လိုက်ပါတယ်။

ပုပ်ရဟန်း မင်းကြီးက အခုအချိန် မှာ မိသားစု တော်တော် များများဟာ ရေခြား မြေခြားနဲ့ တကွဲတပြား ဖြစ်နေကြ ရတဲ့ အကြောင်း၊ ဆင်းရဲမွဲတွေမှုတွေ၊ အဂတိ လိုက်စား မှုတွေ၊ အိမ်တွင်းရေး အဆင်မပြေမှုတွေ၊ မူးယစ် ဆေးဝါး ရောင်းဝယ်မှုတွေ နဲ့ ရာဇဝတ်မှုတွေ ဖြစ်နေကြတဲ့ အချိန် မျိုးမှာ ဘာသာရေးကို လက်ကိုင်ထား ကြဖို့ လိုအပ်ကြောင်း တွေကို ပြောကြားသွား ပါတယ်။

မက္ကဆီကို နိုင်ငံရဲ့ ကက်သလိတ် အသင်းတော် အတွက် အရေးကြီးဆုံး အထိန်းအမှတ် နေရာ တနေရာဖြစ်တဲ့ ဆီလာယိုမှာ ရှိတဲ့ Christ the King monument မှာ လူပေါင်း ၃ သိန်း လောက်စုရုံး ကြပြီး ပုပ်ရဟန်း မင်းကြီးရဲ့ သတင်းစကားကို နာကြား ခဲ့ကြတာ ဖြစ်ပါတယ်။