ဆီနီဂေါလ် သမ္မတရွေးပွဲ အဖြေထွက်

  • 25 မတ် 2012
jp_senegal ဓာတ်ပုံ မူပိုင် Reuters
Image caption အရေးနိမ့်သွားခဲ့တဲ့ လက်ရှိသမ္မတ အဗ္ဗဒူလိုင်းဝက်ဒ်

ဆီနီဂေါလ် နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အဗ္ဗဒူလိုင်း ဝက်ဒ်ကသူရဲ့ပြိုင်ဘက် မက်ကီဆောလ် ကို ရှုံးနိမ့် သွားခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်မြင်မှာ ပြောကြား သွားပါတယ်။

အရင်က ဝန်ကြီးချုပ် ဟောင်းဖြစ်တဲ့ မစ္စတာ ဆောလ် ကို ဖုန်းဆက်ပြီး သူရှုံးနိမ့်တာကို ပြောခဲ့ကြောင်း သတင်းတွေမှာ ဆိုပါတယ်။

မစ္စတာ ဝက်ဒ်က တတိယ သက်တမ်း အရွေးခံ နိုင်ဖို့ အတွက် ဆီနီဂေါလ် ဖွဲ့စည်းပုံကို အပြောင်းအလဲ တွေ လုပ်ခဲ့တာကြောင့် ဆူပူမှုတွေ ဖြစ်ခဲ့ပါတယ်။

အခုရွေးကောက်ပွဲ ရလဒ်တွေ အငြင်းပွားဖွယ် ဖြစ်လာရင် နောက်ထပ် ဆူပူမှုတွေ ထပ်ဖြစ်လာ ကြမှာကို လဲ စိုးရိမ်နေခဲ့ ကြတာ ဖြစ်ပါတယ်။

ဆီနီဂေါလ် နိုင်ငံ ဟာ သူ့ရဲ့ အိမ်နီးချင်းတွေလို စစ်တပ်က အာဏာသိမ်း တာမျိုးတွေ မရှိတဲ့ ဒီမိုကရေစီကို ကာလရှည် ကျင့်သုံးနေတဲ့ နိုင်ငံဖြစ်ပါတယ်။