IMF ဥက္ကဌဟောင်း မဖွယ်မရာမှုနဲ့ တရားဝင် စစ်ဆေးခံရပြန်ပြီ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ ဥက္ကဌ ဟောင်း ဒိုမနစ် စထရောက်စ်ခန်း

နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ ဥက္ကဌဟောင်း ဒိုမနစ် စထရောက်စ်ခန်းဟာ ပါတီဧည့်ခံပွဲတွေ အတွက် ပြည့်တန်ဆာတွေ စုဆောင်းမှုမှာ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ် နိုင်ငံမှာ တရားဝင် စုံစမ်းစစ်ဆေး ခံနေရပါတယ်။

လီလီမြို့က တရားရုံးမှာ မေးမြန်း စစ်ဆေးခံရပြီးတဲ့နောက် သူ့အပေါ် ကနဉီး တရားစွဲဆိုချက်တွေ ပယ်ချခံခဲ့ရပြီး အာမခံနဲ့ ပြန်လွှတ်ပေးခံ ခဲ့ရတာပါ။

အဲဒီ ပါတီပွဲတွေကို သူတက်ရောက်ခဲ့တယ် ဆိုတာကို ပြင်သစ်က ဆိုရှယ်လစ် ဝန်ကြီးဟောင်း တယောက် ဖြစ်တဲ့ မစ္စတာ စထရောက်စ်ခန်းက ငြင်းပယ်ခဲ့ ပေမယ့် အဲဒီပွဲက အမျိုးသမီးတွေဟာ ပြည့်တန်ဆာ တွေမှန်း သူမသိဘူးလို့ ဆိုပါတယ်။