ဆီးရီးယားမှာ တရားဝင် အတိုက်အခံ ဖွဲ့စည်းနိုင်

  • 28 မတ် 2012
Assad ဓာတ်ပုံ မူပိုင် BBC World Service
Image caption အာဆတ် အရေးနိမ့်တဲ့ထိ လက်နက်ကိုင် တိုက်ဖို့ အတိုက်အခံ အားလုံး လိုလားနေ

ဆီးရီးယား နိုင်ငံမှာ မနှစ်က စက်တင်ဘာလက ဖွဲ့စည်းခဲ့တဲ့ SNC ခေါ် ဆီးရီးယား အမျိုးသား ကောင်စီကို ဆီးရီးယား ပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ် အဖွဲ့အဖြစ် အသိအမှတ်ပြုဖို့ ဆီးရီးယား အစိုးရကို ဆန့်ကျင် ဆန္ဒ ပြနေတဲ့ အဖွဲ့အစည်း အတော်များများက သဘောတူ လိုက်ပါပြီ။

SNC ဟာ နိုင်ငံတကာက ကိုယ်စားလှယ်တွေနဲ့ စကား ပြောနေတာ မနှစ်ကတည်းက ဖြစ်ပေ မယ့် သူတို့ရဲ့ ခေါင်းဆောင်မှုဟာ ထိရောက်မှု မရှိဘူးလို့ ဝေဖန် ခံနေရပါတယ်။

ဒါပေမယ့် တနင်းလာက စပြီး နှစ်ရက်ကြာ ဆွေးနွေးပြီးနောက်မှာ ဆီးရီးယားမှာ မွစိကြဲနေတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ အားလုံးက ဒီအဖွဲ့ကို သူတို့ အားလုံးကို ကိုယ်စားပြုတဲ့ တရား ဝင် အဖွဲ့အဖြစ် သဘောတူလိုက်ပါတယ်။

ဒီအတိုက်အခံ အဖွဲ့တွေ ထဲမှာ သဘောထား တင်းမာတဲ့ အစ္စလာမ် ဝါဒီတွေရော၊ အရင် ကွန် မြူနစ် ပါတီဝင်တွေပါ ပါပါတယ်။

နှစ်ရက်ကြာ အကြိတ်အနယ် စကားပြောခဲ့ရာမှာ တဖွဲ့နဲ့ တဖွဲ့ကြား အငြင်းပွားမှုတွေကို ဖုံး မထား နိုင်ခဲ့ကြပါဘူး။

အဆင့်မြင့် ကိုယ်စားလှယ် တယောက်က သူ့ထိုင်ခုံကို ကျကျနန ချမပေးလို့လို့ အကြောင်းပြ ပြီး စည်းဝေးပွဲက ထပြန်သလို လူနည်းစု ဖြစ်တဲ့ Kurd လူမျိုးစု ကိုယ်စားလှယ် အဖွဲ့ကလည်း သူတို့ တောင်းနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် မရတဲ့ အတွက် ထပြန်သွားပါတယ်။

ဒါပေမယ့် နောက်ဆုံးမတော့ အရေးကြီးတဲ့ သဘောတူညီမှု တချို့ ရခဲ့ပါတယ်။ အရင် ကုလ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ဆီးရီးယား သမ္မတ အာဆတ်က လက်ခံတယ်လို့ပြောတာကို မယုံကြည်ကြတဲ့နေရာမှာတော့ အားလုံးသဘော တူပါတယ်။

ကိုဖီအာနန် အစီအစဉ်မှာ တိုက်ခိုက်မှုတွေ ရပ်ပြီး ဆီးရီးယားရဲ့ အနာဂတ် အတွက် ဆွေးနွေး ပွဲတွေ ပြုလုပ်ဖို့ ပါရှိပေမယ့် သမ္မတ အာဆတ်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆို မထားပါ ဘူး။

ဒါပေမယ့် ဆီးရီးယား အတိုက်အခံ အားလုံးက သမ္မတ အာဆတ် ဆင်းပေးဖို့ တောင်းနေပြီး ဒီအချက်ကို အလျှော့ မပေးနိုင်ဘူးလို့ ပြောပါတယ်။ ကိုဖီအာနန်ရဲ့ အစီအစဉ် အလုပ်ဖြစ်မယ် လို့ ယုံကြည်သူလည်း အနည်းငယ်သာ ရှိပါတယ်။

သူတို့ အားလုံး ယုံကြည်တဲ့ တခုတည်းသော အဖြေကတော့ ဆီးရီးယား လွတ်မြောက်ရေး တပ်မတော်ကို လက်နက် တပ်ဆင်ပေးပြီး သမ္မတ အာဆတ် အရေးနိမ့်တဲ့ထိ ဆက်လက် တော်လှန် တိုက်ခိုက်သွားဖို့သာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက်က အစ္စတန်ဘူလကနေ သတင်းပေးပို့ထား