ဆီးရီးယား ငြိမ်းချမ်းရေး တောင်းဆိုကြ

  • 30 မတ် 2012
syria
Image caption အစိုးရအပေါ် လက်နက်ကိုင်တွေ အကြမ်းမဖက်ရ လို့ အာဆတ်က ဆို

ဆီးရီးယား ငြိမ်းချမ်းရေး ကုလ သမဂ္ဂ အစီအစဉ် ကို လက်ငင်း နဲ့ အပြည့်အဝ အကောင်အထည် ဖော်ဖို့ ဘဂ္ဂဒက် အာရပ် ခေါင်းဆောင်များ အစည်းအဝေး က တောင်းဆို လိုက်ပါတယ်။

ဒီ ငြိမ်းချမ်းရေး အစီအစဉ်မှာ မြို့ကြီးတွေမှာ တပ်စွဲထားတဲ့ စစ်သားတွေနဲ့ လက်နက်ကြီး တွေကို ရုပ်သိမ်းပေးဖို့ အပါအဝင် အကျဉ်းသား တွေ လွှတ်ပေးဖို့၊ ဆီးရီးယား နိုင်ငံသားတွေ လိုအပ်နေတဲ့ အကူအညီတွေ ပေးဖို့နဲ့ သတင်းသမား တွေကို လွတ်လွတ်လပ်လပ် သတင်းယူခ္ငွင့် ပေးဖို့တွေ ပါပါတယ်။

ဒါပေမယ့် အာရပ် အဖွဲ့ချုပ်ဝင် ၂၂ နိုင်ငံထဲက ၁ဝ နိုင်ငံက ခေါင်းဆောင်တွေပဲ ဒီ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ကြပါတယ်။

ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ်က ကိုဖီ အာနန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို လက်ခံလိုက်ပြီလို့ ပြောကြား လိုက်ပါတယ်။

ဒါပေမယ့် အစိုးရအပေါ် အကြမ်းဖက် ကျူးလွန်တဲ့ လုပ်ရပ် မှန်သမျှကို ဆီးရီးယား လက်နက်ကိုင် အင်အားစုတွေ စွန့်လွှတ် ရမယ်လို့ မစ္စတာ အာဆတ်က ဆိုပါတယ်။

ကြာသပတေးနေ့က ဆီးရီးယား တိုက်ခိုက်မှုတွေမှာ အနည်းဆုံး လူ ၂ဝ သေဆုံး ခဲ့ရပါတယ်။

ဆီးရီးယား အတိုက်အခံတွေကို ဒေါ်လာ ၇ သိန်း ထောက်ပံ့မယ်လို့ ဗြိတိန်ကလည်း ကြေညာ ခဲ့ပါတယ်။