ပုပ် ရဟန်းမင်း ကက်စ်ထရိုတွေ့

  • 29 မတ် 2012
cuba pope ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဟားဗားနားမြို့ ကက်သလစ် ဘာသာဝင်တွေကို တွေ့ဆုံ ဟောကြား

ကျူးဘားကို ရောက်နေတဲ့ ကက်သလစ် ပုပ် ရဟန်းမင်း ဘင်နီဒစ် ကျူးဘား သမ္မတ ဟောင်း ဖီဒယ် ကက်စ်ထရိုနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ကက်စ်ထရို ဦးဆောင်ခဲ့တဲ့ ၁၉၅၉ ကျူးဘား တော်လှန်ရေး အပြီး ကျူးဘားနိုင်ငံကို ဘာသာမဲ့ နိုင်ငံအဖြစ် ကြေညာ ခဲ့ပါတယ်။

ဒီပုဂ္ဂိုလ် ၂ ဦး တွေ့ဆုံချိန်မှာ ဝတ်ကျေ တမ်းကျေလောက်ပဲ ပြောဆိုခဲ့ကြတယ်လို့ ဟာဗားနား မြို့က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ပုပ်ရဟန်းမင်းဟာ ဟားဗားနားမြို့ တော်လှန်ရေး ရင်ပြင်မှာ စုရုံးလာတဲ့ ကက်သလစ် ဘာသာဝင် ၃ သိန်းကိုလည်း လွတ်မြောက်မှု အစစ်အမှန် ရှာဖွေဖို့ ဟောကြား ခဲ့ပါတယ်။

ကျူးဘားရော ကမ္ဘာကြီးပါ ပြောင်းလဲဖို့လိုတယ်၊ ပြောင်းလဲဖို့ရာ တဦးချင်းစီက အမှန်တရားကို ရှာဖွေပြီး မေတ္တာလမ်းကို လျှောက်ဖို့ လိုတယ်လို့ ပုပ်ရဟန်းမင်းက မြွက်ကြား ပါတယ်။

ကျူးဘားနိုင်ငံက စာသင်ကျောင်းတွေမှာ ကျမ်းစာ သင်ကြားခွင့်လို အခွင့်အရေးမျိုးတွေ ကက်သလစ် ဘုရားကျောင်းတွေကို ပိုပေးဖို့ ကွန်မြူနစ် အစိုးရကို စပိန်ဘာသာနဲ့ ပြောကြား ခဲ့ပါတယ်။