မာလီ အခြေခံ ဥပဒေ ပြန်စဖို့ တောင်းဆို

  • 30 မတ် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘမာကို လေဆိပ်ကို တပ်တွေ စီးထား

အရင်တပတ် မာလီ အာဏာသိမ်းပွဲမှာ ဦးဆောင်ခဲ့တဲ့ တပ်တွင်း ပုန်ကန်သူတွေကို ၃ ရက်အတွင်း အခြေခံ ဥပဒေနဲ့ အညီ ပြန်လည် အုပ်ချုပ်ဖို့ အနောက် အာဖရိက ခေါင်းဆောင် တွေက တောင်းဆို ခဲ့ပြီး တောင်းဆိုချက်ကို မလိုက်လျော ခဲ့ရင် ပိတ်ဆို့မယ်လို့ ခြိမ်းခြောက် ခဲ့ပါတယ်။

မာလီ နယ်စပ်တွေ ပိတ်ဆို့မှု အပါအဝင် ဒေသတွင်း ဗဟိုဘဏ်က နိုင်ငံရဲ့ ပိုင်ဆိုင်မှုကိုပါ ထိန်းချုပ်မယ်လို့ အနောက် အာဖရိက ခေါင်းဆောင်တွေက သတိ ပေးပါတယ်။

မာလီ မြို့တော် ဘမာကိုမှာ အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အစက စီစဉ် ထားတာကို ဖျက်သိမ်းပြီး နောက် အိုင်းဗရီးကို့စ်မှာ အာဖရိက ခေါင်းဆောင်တွေ တွေ့ဆုံ ခဲ့ကြပါတယ်။

ဘမာကို လေဆိပ်ကို မာလီ အာဏာသိမ်းမှု ထောက်ခံသူတွေက ဝင်စီး ပြီးတဲ့နောက် အာဖရိက ခေါင်းဆောင်တွေ အိုင်းဗရီးကို့စ်က အဘီဂျန် မြို့ကို ပြန်လာခဲ့ကြပါတယ်။