ငြိမ်းချမ်းရေး အကြံ ဆီးရီးယား မနာခံဆို

  • 29 မတ် 2012
syria peace ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကိုဖီအာနန် ငြိမ်းချမ်းရေးမူ မအောင်မြင်သေး

ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို လက်ခံဖို့ ကတိပေးထားတာကို ဆီးရီးယား သမ္မတ အာဆတ်ဘက်က မလိုက်နာဘူးလို့ အမေရိကန် က ဆိုပါတယ်။

အစီအစဉ်ကို လက်ခံတယ်လို့ ဆီးရီးယားက တမြန်မနေ့က ကြေညာခဲ့ပေမယ့် ဘာမှ လိုက်ပါ ဆောင်ရွက်တာ မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ဆိုပါတယ်။

ကိုဖီအာနန် အဆိုပြုတဲ့ ငြိမ်းချမ်းရေးမူက အပစ်အခတ် အဆုံးသတ်သွားဖို့ အတွက် ကုလ သမဂ္ဂက စောင့်ကြည့် ပေးဖို့ တောင်းဆိုပါတယ်။ အတိုက်အခံ မြို့ကြီးတွေကနေ အစိုးရ တပ်တွေ ဆုတ်ပေးဖို့နဲ့ လူမှု ကယ်ဆယ်ရေး တွေ ပိုမို ဝင်ရောက်ခွင့် ပြုဖို့တွေလည်း ပါရှိပါတယ်။

ငြိမ်းချမ်းရေး အစီအစဉ်ကို အမြန် အကောင်အထည် ဖော်ဖို့ ဆီးရီးယားကို ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အစိုးရတပ်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ အတိုက်အခံတွေက ဆိုပါတယ်။