နောက်ဆုံး ရေးသားချိန် 30 မတ်လ 2012 - 13:21 GMT

မတ် ၃၀ ရက် ဗီဒီယို သတင်းလွှာ

မီဒီယာ ပလေးယား

တနင်္ဂနွေနေ့လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ မသမာမှုတွေ ရှိနေတာကြောင့် လုံးဝ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ တခု ဖြစ်လာမှာ မဟုတ်ဘူး လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အန်အဲဒီ လီှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရဲ့ မဲဆွယ် စည်းရုံးမှုတွေမှာ နှောက်ယှက် ဟန့်တား မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း အမျိုးသား ရင်ကြားစေ့ရေး အတွက် သူတို့ ပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ ဆက်လက် ယှဉ်ပြိုင် သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုက သောကြာနေ့ မနက်က သူ့နေအိမ်မှာ သတင်းထောက်တွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ တွေကို ဖိတ်ခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့စဉ်မှာ ခုလို ထုတ်ဖော် ပြောခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံတဝှမ်းမှာ အစ္စလမ်မစ်အစွန်းရောက်လို့ သံသယရှိသူ ၁၉ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ နောက်ထပ် ဖမ်းဆီးမှုတွေ ဆက် ရှိမယ်လို့ သမ္မတ ဆာကို ဇီက ပြောပါတယ်။ ဖမ်းဆီးမှု အများစုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လူ ၇ ဦးကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ မိုဟာမက်မရတ် ရဲ့ ဇာတိမြို တူလုပ်မြို့မှာ ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။