အကြွေးကဒ်ပြား ကုမ္ပဏီတွေ အချက်အလက်တွေ အခိုးခံရတာလို့ ယူဆနေကြ

  • 30 မတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption အကြွေးဝယ်ခွင့် ကဒ်ပြားတွေ

မာစတာ နဲ့ ဗီဇာ ခရက်ဒစ် အကြွေးငွေချေကတ် ကုမ္ပဏီတွေက အမေရိကက သန်းနဲ့ ချီတဲ့ ဖောက်သည်တွေရဲ့ အချက်အလက် အသေးစိတ်တွေ ပေါက်ကြားတဲ့ လုံခြုံရေး ကျိုးပေါက်မှုကို စုံစမ်း နေကြပါတယ်။

ကုမ္ပဏီတွင်း စနစ် အမှားကြောင့် မဟုတ်ဘဲ ကြားက တတိယ လူက ဝင်နှောင့်နေတာလို့ သူတို့က ဆိုပါတယ်။

အသေးစိတ် သေချာ မသိရ သေးပေမယ့် နယူးယောက်မြို့မှာ ခရက်ဒစ်ကတ်နဲ့ စျေးဝယ်ကြတဲ့ ဖောက်သည် ၁ဝ သန်းရဲ့ အချက်အလက်တွေ အခိုးခံရတာ ဖြစ်နိုင်တယ် လို့လည်း ယူဆကြ ပါတယ်။

မာစတာ ကတ် ကုမ္ပဏီက အချက်အလက် လုံခြုံရေး အတွက် စီစဉ် ဆောင်ရွက်နေပြီး ဖောက်သည်တွေဆီက ကြားဖြတ် ခိုးယူတာမျိုး မရှိနိုင်ပါဘူးလို့ ဗီဇာကတ် ကုမ္ပဏီက ဆိုပါတယ်။