ကိုဖီအာနန် ဆီးရီးယားကို အချိန်ကန့်သတ်ဖို့လို

  • 1 ဧပြီ 2012
annan ဓာတ်ပုံ မူပိုင် BBC World Service
Image caption နိုင်ငံတကာ အထူးသံတမန် ကိုဖီ အာနန်

ဆီးရီးယားဆိုင်ရာ နိုင်ငံတကာ အထူး သံတမန် ကိုဖီအာနန်ကို သူ့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် တွေကို ဆီးရီးယား အစိုးရက သဘောတူ လက်ခံဖို့ အချိန် သတ်မှတ်ချက် ပေးဖို့ အတွက် အမေရိကန်နဲ့ ပင်လယ်ကွေ့ ဒေသအတွင်းက အာရပ် နိုင်ငံ တွေက တိုက်တွန်း လိုက်ကြ ပါတယ်။

အမေရိကန်နဲ့ ဒီ အာရပ် နိုင်ငံတွေ တွေ့ဆုံ ခဲ့ကြ အပြီးမှာ အခုလို ကြေငြာချက် ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။ ဒီ အထဲမှာ မစ္စတာ အာနန် ရဲ့ လုပ်ငန်းစဉ် တွေဟာ အချိန်နဲ့ အမျှ အရေးကြီး နေလို့ ဆီးရီးယား အစိုးရက ဆန္ဒပြသူ တွေကို ဆက်ပြီး သတ်ဖြတ် နေတယ် ဆိုရင် အချိန် သတ်မှတ် ချက် တခု ချပေးဖို့ လိုအပ်နေပြီ လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ ဆီးရီးယားမှာ သတ်ဖြတ်မှု အသစ်တွေ ဖြစ်နေတယ် ဆိုပြီး အတိုက်အခံ တွေဆီက သတင်းတွေ ထွက် လာပါတယ်။ အစောပိုင်း တုန်းကတော့ ဆီးရီးယား အစိုးရကို ဖြုတ်ချ နိုင်ဖို့ ကြိုးစား လာခဲ့ တာတွေ ကို ခြေမှုန်း လိုက်နိုင်ခဲ့ ပြီဖြစ်တဲ့ အကြောင်း ဆီးရီးယား အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောခွင့်ရသူက ပြောပါတယ်။