ဒေါ်အောင်ဆန်းစုကြည် အနိုင်ရပြီ

  • 2 ဧပြီ 2012
dassk
Image caption လူထုကရွေးချယ်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာ နိုင်ငံမှာ ကျင်းပ ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ သူမ အတွက် ပထမဆုံး အကြိမ် ပါလီမန် အမတ် နေရာ အတွက် အနိုင် ရရှိ သွားပြီ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောပါတယ်။

NLD ရဲ့ အပြောအရတော့ ဝင်ပြိုင်သမျှ နေရာ အားလုံးလောက်မှာ အနိုင်ရဖို့ များတယ်လို့ သိရပါတယ်။ ဒီ ကြားဖြတ် ရွေးကောက်ပွဲရဲ့ ရလဒ် တွေနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ချက်တွေ ကတော့ ထွက်မလာသေး ပါဘူး။

နှစ်ပေါင်း ၅၀ လောက် စစ်တပ်က အုပ်စိုးခဲ့တဲ့ မြန်မာ နိုင်ငံမှာ အခု အစိုးရရဲ့ ပြုပြင်ပြောင်းလဲ လိုစိတ် တွေနဲ့ ပတ်သက်ပြီး ဒီကြားဖြတ် ရွေးကောက်ပွဲတွေက မှတ်ကျောက် အတင် ခံနိုင်မှာ ဖြစ်တယ်လို့ လေ့လာသူ တွေက ရှုမြင်ကြ ပါတယ်။

တခါ ကြားဖြတ် ရွေးကောက်ပွဲတွေ အတွက် မဲဆွယ် နေကြစဉ် နဲ့ မဲပေးပွဲတွေ ကျင်းပနေ ကြစဉ် အတွင်း မဲ အတွက် မသမာ မှုတွေ ရှိတဲ့ အကြောင်း အတိုက်အခံ တွေဘက်က ပြောတာ တွေလဲ ရှိပါတယ်။ ဒီ ဖြစ်ရပ်တွေက တမင်တကာ ရည်ရွယ်ချက် နဲ့ လုပ်တာလား၊ ဒါမှမဟုတ် တာဝန်ရှိသူတွေရဲ့ အတွေ့အကြုံ နည်းပါးမှုကြောင့်လား ဆိုတာကိုတော့ ကွဲကွဲပြားပြားပြောလို့ မရတဲ့ အကြောင်း ရန်ကုန်မြို့က ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ထား ပါတယ်။