မာလီသူပုန်တွေ တင်ဘတ်ခ်တူး မြို့ထဲဝင်

  • 2 ဧပြီ 2012
timbuktu
Image caption သူပုန်တွေ ဝင်နေပြီ ဖြစ်တဲ့ တင်ဘတ်ခ်တူး မြို့

မာလီ နိုင်ငံ မြောက်ပိုင်းက စစ်တပ် ရဲ့ နောက်ဆုံး ခြေကုတ် ယူရာ မြို့ဖြစ်တဲ့ တင်ဘတ်ခ်တူး ထဲကို တောရဂ် သူပုန်တွေ ဝင်ရောက်နိုင်ခဲ့ ပြီးဖြစ်ကာ မြို့ကိုလည်း ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ သူပုန်တွေ ဘက်က ပြောပါတယ်။

မြို့ကတော့ အခုအခါမှာ ငြိမ်သက်နေတယ်လို့ လဲ သိရပါတယ်။ တောရဂ် နယ်မြေတွေ လွပ်လပ်ဖို့ အတွက် လုပ်နေကြတဲ့ ဒီသူပုန်တွေကို အစ္စလာမ် စစ်သွေးကြွတွေက အကူအညီ တွေပေးနေပြီး လွန်ခဲ့တဲ့ ၁၀ ရက်က စစ်တပ် က အာဏာသိမ်း ပြီးတဲ့ နောက်ပိုင်းမှာ နယ်မြေတော်တော် များများကို သိမ်းယူနိုင်ခဲ့ ကြပါတယ်။

အိမ်နီးချင်း နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် အာဏာသိမ်း ခေါင်းဆောင် တွေဟာလည်း အရင် ဖွဲ့စည်းပုံနဲ့ နိုင်ငံတွင်းက အဖွဲ့အစည်း တွေကို ပြန်လည် အတည်ပြုပေး ထားရပါတယ်။ ဒီလို လုပ်ပေမယ့်လည်း အာဏာကနေတော့ ဆင်းမပေးသေးကြောင်း ဘီဘီစီရဲ့ အနောက် အာဖရိက ဆိုင်ရာ သတင်းထောက်က သတင်းပေးပို့ ထားပါတယ်။