SNC တပ်ကို အမေရိကန်နဲ့ ပင်လယ်ကွေ့ နိုင်ငံတွေ ကူညီမယ်

  • 1 ဧပြီ 2012
syria ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေ SNC ကိုကူညီ တော့မယ်

ဆီးရီးယား အမျိုးသား ကောင်စီ SNC ရဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ်မတော် အတွက် လိုအပ်တဲ့ အသုံးစားရိတ်နဲ့ လခတွေကို ပေးသွားဖို့ ပင်လယ်ကွေ့ အာရပ် နိုင်ငံတွေ က သဘောတူ လိုက်ကြပါတယ်။

တူရကီ နိုင်ငံက အစ္စတန်ဘူလ် မြို့မှာ ကျင်းပတဲ့ ဆီးရီးယား မှာ နိုင်ငံရေး ပြောင်းလဲမှုတွေကို လိုလားတဲ့ နိုင်ငံ ၈၃ နိုင်ငံ တက်ရောက်ခဲ့တဲ့ အစည်း အဝေးမှာ အခုလို သဘောတူ ညီချက်ကို ကြေငြာခဲ့ တာဖြစ်ပါတယ်။

ဒီ အစည်းအဝေးကနေ SNC ကို ဆီးရီးယား ပြည်သူတွေကို ကိုယ်စား ပြုပေးတဲ့ အဖွဲ့အစည်း အဖြစ် အသိအမှတ် ပြုပေးလိုက် ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း အတိုက်အခံတွေ အတွက် လိုအပ်တဲ့ ဆက်သွယ်ရေး ကိစ္စတွေ နဲ့ပတ်သက်လို့ အမေရိကန်က အကူအညီ ပေးသွားမှာ ဖြစ်ကြောင်း ဆိုခဲ့ပြီး နောက်ထပ် ဆင်ခြေတွေနဲ့ အချိန်ဆွဲ နေတာတွေ လုပ်နေဖို့ အချိန် မရှိတော့ဘူး လို့လဲ ဆိုလိုက်ပါတယ်။