ကိုလံဘီယာမှာ ဓါးစာခံတွေ ပြန်လွတ်လာ

  • 3 ဧပြီ 2012
Image caption ဓါးစာခံတွေ လွှတ်ပေးတာဟာ ငြိမ်းချမ်းရေး ဖေါ်ဆောင်တဲ့ လက္ခဏာလို့ မြင်ကြ

ကိုလံဘီယာနိုင်ငံမှာ FARC သူပုန်အဖွဲ့ ဆယ်စုနှစ်ကျော် ထိန်းသိမ်းထားတဲ့ နောက်ဆုံးကျန်တဲ့ ရဲနဲ့ စစ်တပ်ဖွဲ့ဝင် ဓါးစာခံ ၁၀ဦး အခုအခါ ပြန်လွတ်လာပြီလို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

အဲဒီဓါးစာခံတွေကို ကိုလံဘီယာ နိုင်ငံ တောနက်ထဲကနေ ဘရာဇီး စစ်ရဟတ်ယာဉ် တစင်းနဲ့ ပြန်ခေါ်လာတာဖြစ်ပြီး ဘေးကင်း စိတ်ချရတဲ့ နေရာဆီ ခေါ်သွားပြီ ဖြစ်ပါတယ်။

ဓါးစာခံတွေကို ပြန်လွှတ်ပေးမယ်လို့ FARC သူပုန်အဖွဲ့က အခုနှစ် အစောပိုင်းက ကတိ ပြုခဲ့တာ ဖြစ်ပြီး ဒါဟာ ငြိမ်းချမ်းရေး ဖေါ်ဆောင်လိုတဲ့ လက္ခဏာ တရပ် ဖြစ်တယ်လို့ ကြားဝင် စေ့စပ်သူတွေက ဖေါ်ညွှန်း ပြောဆိုခဲ့ကြပါတယ်။

FARC သူပုန်တွေအနေနဲ့ ပြန်ပေးဆွဲပြီး ငွေတောင်းတာမျိုးတွေ မလုပ်တော့ဘူးလို့ ကတိပြုထားပေမယ့် အရပ်သား ရာပေါင်းများစွာကို ခုချိန်ထိ ဖမ်းဆီး ထိန်းသိမ်းထားဆဲပဲလို့ ယူဆရပါတယ်။