မာလီမှာ အယ်လ်ခေဒါ တွေ ရောက်နေလို့ ကုလ ပူပန်

  • 5 ဧပြီ 2012
unsc ဓာတ်ပုံ မူပိုင် Getty
Image caption တိုင်းပြည် တဝက် အုပ်စီးနေတဲ့ သူပုန်တွေကို လုံခြုံရေး ကောင်စီ ပြစ်တင်

မကြာခင်က အာဏာသိမ်းခဲ့တဲ့ မာလီ နိုင်ငံ မြောက်ပိုင်းမှာ အယ်လ်ခေဒါ တွေ ရောက်နေတာ ကို ပူပန်မိကြောင်း ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

ဒါ့ကြောင့် လုံခြုံရေး အနေအထားကို ပို ဆိုးရွားစေလိမ့်မယ်လို့ လည်း ဆိုပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း တိုင်းပြည် တဝက် လောက်ကို အုပ်စီး မိနေတဲ့ မြောက်ပိုင်း က သူပုန် အုပ်စု တွေကို လုံခြုံရေး ကောင်စီက ပြစ်တင် ရှုံ့ချ ခဲ့ပြီး အခြေခံ ဥပဒေနဲ့ ပြန်လည် အုပ်စိုးဖို့လည်း တောင်းဆိုခဲ့ ပါတယ်။

အာဖရိက သမဂ္ဂနဲ့ အနောက် အာဖရိက နိုင်ငံများ အုပ်စုက ချမှတ် ထားတဲ့ ပိတ်ဆို့မှု တွေကိုလည်း ထောက်ခံကြောင်း ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် ပိတ်ဆို့မှု တွေကြောင့် အခြေအနေတွေ ပိုဆိုးသွား လိမ့်မယ်လို့ ကုလ သဂ္ဂ ဆိုင်ရာ မာလီ သံအမတ် က ပြော ကြား ခဲ့ ပါတယ်။