နောက်ဆုံး ရေးသားချိန် 5 ဧပြီလ 2012 - 10:49 GMT

ဧပြီ ၄ ရက် တမိနစ် သတင်းလွှာ

မီဒီယာ ပလေးယား

အိန္ဒိယနိုင်ငံက အနုမြူရေငုပ်သင်္ဘောကို ဒီနေ့ ရေချကြောင်း ကြေညာလိုက်ပါတယ်။ တန်ချန် ၈၀၀၀ လေးတဲ့ INS ချက္ကရ သင်္ဘောကို အခုလို ရေချလိုက်နိုင်တဲ့ အတွက် အိန္ဒိယဟာ အနုမြူ ရေငုပ်သင်္ဘောပိုင်ဆိုင်တဲ့ ဆဌမမြောက် နိုင်ငံဖြစ်လာပါတယ်။

အမေရိကန် ကမ်းတက် တပ်သား ၂၀၀ သြစတြေးလျ မြောက်ပိုင်းကို ရောက်လာပါပြီ။ သူတို့ဟာ ပထမဆုံး အသုတ်ဖြစ်ပြီး စုစုပေါင်း ၂၅၀၀၀ အထိပို့ဆောင်မှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ အိုဘားမားရဲ့ အာရှပစိဖိတ်ဒေသမှာ စစ်အင်အား တိုးချဲ့မှု အစီအစဉ် တစိတ်တဒေသဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကွယ်လွန်သူ ဘိုးဘွားတွေကို ပူဇော်တဲ့ အခန်းအနားတွေ ပြုလုပ်ခဲ့ရာမှာ တနိုင်ငံလုံးမှာ တက်ရောက်သူ ၁၅ သန်းလောက်ရှိပါတယ်။ ဒါဟာ မနှစ်ကထက် ၂၅ ရာနှုန်းလောက်ပိုမို များပြားလာတာလည်း ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။