ဆေးမတိုးငှက်ကြောင့် အခက်ကြုံနိုင်

  • 6 ဧပြီ 2012
malaria
Image caption နှစ်စဉ် လူ ၆ သိန်းခွဲ ငှက်ဖျားနဲ့ သေ

ကမ္ဘာ့ ကပ်ရောဂါ ဆိုးကြီး တခု ဖြစ်တဲ့ ငှက်ဖျား ရောဂါပိုးဟာ ပုံစံ မျိုးစုံ ပြောင်းနေတဲ့ အတွက် ပျောက်ကင်းအောင် ကုလို့မရ ဖြစ်နေတယ်လို့ သိပ္ပံ ပညာရှင်တွေက ပူပန် နေကြပါတယ်။

ဆေးမတိုးတဲ့ ငှက်ဖျားပိုး မျိုးကွဲတွေ ထိုင်း- မြန်မာ နယ်စပ်က ပေါ်ထွက် လာပြီး ဒီပိုးတွေကို မိုင် ၅ဝဝ ဝေးတဲ့ ကမ္ဗောဒီးယား မှာ ဟို ၃ နှစ် က စတွေ့ရတယ်လို့ အချက်အလက် ကောက်ခံမှု အသစ်တွေ အရ သိရပါတယ်။

ကမ္ဘာ့ အခြား နေရာတွေမှာပါ ဒီ ငှက်ဖျား ပိုးတွေကို တွေ့လာရင် ငှက်ဖျားကို အမြစ်ပြတ် အောင် တိုက်ဖျက်လို့ မရတော့ဘူးလို့ လန်းဆက် (Lancet)ဆေးပညာ စာစောင် မှာ ဖော်ပြ ထားပါတယ်။

နှစ်စဉ် လူ ၆ သိန်းခွဲလောက် ငှက်ဖျား ရောဂါနဲ့ သေဆုံး နေကြပါတယ်။