မာလီ စစ်အာဏာရှင် အရပ်သားဆီ အာဏာလွှဲပေးဖို့ သဘောတူ

  • 7 ဧပြီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption တွားရက်ဂ် သူပုန်တွေကို လက်ခံကြောင်း လူငယ်တွေ ဆန္ဒပြ

အနောက် အာရိက နိုင်ငံများ အဖွဲ့ ECOWAS ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကြောင့် မာလီ နိုင်ငံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက အရပ်သား အုပ်ချုပ်ရေး အဖွဲ့လက်ထဲ အာဏာလွှဲပေးဖို့ သဘောတူလိုက်ပါပြီ။

အမျိုးသား လွှတ်တော် ဥက္ကဌ က ကြားဖြတ် အစိုးရ အဖွဲ့ကို ဉီးဆောင်ပါလိမ့်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မှူး Amadou Sanogo က ပြောပါတယ်။

မာလီအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုတ်သိမ်းပေးဖို့ အိမ်နီးချင်း နိုင်ငံတွေက သဘောတူခဲ့ ကြပါတယ်လို့ အီကိုဝက်စ် အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ၊ ဘာကီနာဖာဆို နိုင်ငံခြားရေး ဝန်ကြီး ဒါဂျီဘရေးလ် ဘက်ဆိုးလ်က ပြောပါတယ်။

တချိန်တည်းမှာ မာလီနိုင်ငံ မြောက်ပိုင်းက တွားရက် သူပုန်တွေ သိမ်းပိုက်ထားတဲ့ နေရာကို သူတို့ပိုင် လွတ်မြောက်နယ်မြေ အဖြစ် သူပုန်တွေက ကြေညာခဲ့တဲ့ အပေါ် နိုင်ငံတကာက ရှုတ်ချလိုက်ပါတယ်။