ဆီးရီးယား အစိုးရတပ်တွေရဲ့ တိုက်ခိုက်မှု မြင့်တက်လာ

  • 8 ဧပြီ 2012
syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့ဝင်များ

ဆီးရီးယား နိုင်ငံမှာ အပစ်အခတ် ရပ်ဆဲဖို့ နောက်ဆုံး သတ်မှတ်ချိန် နီးကပ်လာတာ နဲ့အမျှ အစိုးရတပ်တွေက ပိုမို ပြင်းထန်စွာ တိုက်ခိုက် လာနေတဲ့ အတွက် လူပေါင်း ၁၆၀ လောက် သေဆုံး ခဲ့ရတယ်လို့ အတိုက်အခံ တွေဘက်က ပြောပါတယ်။

ဟာမ ပြည်နယ်က လတ်တမ်နာ မြို့ကို တိုက်ခိုက်ခဲ့ တဲ့အတွက် လူပေါင်း ၄၀ ကျော်သေဆုံး ခဲ့ရတယ်လို့ လဲ သတင်းရရှိ ပါတယ်။ ဟွမ်းစ်မြို့က ထွက်လာတဲ့ ဗီဒီယို သတင်း တခုမှာတော့ လူပေါင်း ၁၃ ဉီးလောက်ကို သတ်ဖြတ် ထားတာကို တွေ့ရပါတယ်။

အဲဒီက ဒေသခံ တယောက်ကလဲ သူမ နေထိုင်တဲ့ ရပ်ကွက် အတွင်းမှာ သံချပ်ကာ ကားတွေနဲ့ လက်နက် ကိုင်တွေက အရပ်သား ပြည်သူ တွေကို အပြင်းအထန် တိုက်ခိုက်နေ တာကို တွေ့ရတယ်လို့ ပြောပါတယ်။

ဆီးရီးယား နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ကြီးကတော့ အာဏာပိုင် တွေအနေနဲ့ သူတို့ကို ကမ္ဘာက စောင့်ကြည့်နေတယ် ဆိုတာကို သတိရဖို့ လိုကြောင်း ပြောလိုက်ပါတယ်။