ဆီးရီးယား အစိုးရ တောင်းဆိုချက်ကို အတိုက်အခံ ဘက်က ပယ်ချ

  • 9 ဧပြီ 2012
syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့ဝင်များ

ဆီးရီးယား မှာ အင်္ဂါနေ့မှာ စတင်တော့မဲ့ ငြိမ်းချမ်းရေး အစီအစဉ်တွေ မစတင် ခင်မှာ တိုက်ခိုက် နေတာ တွေကို ရပ်တန့်ပြီး လက်နက်ဖြုတ်မယ် ဆိုပြီး အတိုက်အခံတွေ ဘက်က စာရေး အာမခံ ချက်ပေးရမယ်လို့ အစိုးရဘက်က တောင်းဆိုတာကို အတိုက်အခံ တွေက ပယ်ချလိုက်ပါတယ်။

အတိုက်အခံ ဘက်က ပြောခွင့်ရသူက သမ္မတ ဘာရှာအဲလ် အာဆတ်ဒ် ဟာ နိုင်ငံတကာ အထူးသံတမန် ကိုဖီအာနန် ညှိုနှိုင်းပေး ထားတဲ့ သဘောတူညီချက် တွေကို ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ စွပ်စွဲ လိုက်ပါတယ်။

မစ္စတာ အာနန် ကတော့ ဆီးရီးယားကို ကတိပေးထား ခဲ့တဲ့ အတိုင်းလိုက်နာ သွားဖို့ တိုက်တွန်း လိုက်ပါတယ်။

မနေ့က တနေ့လုံးလဲ နိုင်ငံအတွင်း နေရာ တော်တော် များများ မှာ တိုက်ခိုက်မှု တွေ ဆက်ဖြစ်နေခဲ့ပြီး အစိုးရ တပ်တွေက တင့်ကားတွေ ရဟတ်ယာဉ်တွေ သုံးပြီး တိုက်ခိုက် ခဲ့ကြပါတယ်။