အာဆီယံ လူ့အခွင့်အရေး ကြေညာစာတန်း

  • 9 ဧပြီ 2012
asean_logo_ ဓာတ်ပုံ မူပိုင် Reuters
Image caption အာဆီယံ အဖွဲ့

လာမယ့် July လ အာဆီယံ ဝန်ကြီးများ အစည်းအဝေး မှာ တင်ပြမယ့် အာဆီယံ လူ့အခွင့်အရေး ကြေညာ စာတမ်း မူကြမ်းဟာ ပွင့်လင်း မြင်သာမှု မရှိတဲ့အတွက် ဒီကြေညာ စာတမ်း ရေးဆွဲမှု ဖြစ်စဉ်ကို အများပြည်သူ သိအောင် ထုတ်ပြန်ကြေညာပေးဖို့ အရှေ့တောင် အာရှ နိုင်ငံတွေက လူထု အခြေပြု အဖွဲ့အစည်းပေါင်း ၁၀၀ကျော်က AICHR အာဆီယံ အစိုးရများ ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တောင်းဆိုလိုက် ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အာဆီယံ မြန်မာ့အရေး လုပ်ငန်းအဖွဲ့ရဲ့ ညွန်ကြားရေးမှူး ကို အောင်မျိုးမင်းက ဒီမူကြမ်းကို ရေးဆွဲတာ တနှစ်နီးပါး ရှိနေတဲ့ အကြောင်း၊ အဖွဲ့ဝင်နိုင်ငံ တွေက ကိုယ်စားလှယ် တဉီးစီ ပါဝင်ခွင့်ပြု ပြီးရေးဆွဲ စေခဲ့ကြောင်း၊ ပြီးမှ အာဆီယံ လူ့အခွင့်အရေး ကော်မရှင် ကို တင်ပြကြောင်း ဘီဘီစီ ကိုပြောပြပါတယ်။

ပထမ မူကြမ်းမှာ နိုင်ငံသား နဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေ ရေးဆွဲပြီး ဖြစ်သလို စီးပွားရေး နဲ့ လူမှုရေး၊ ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေး တွေ ကို အာဆီယံ အစည်းအဝေး နောက်ရက်မှာ ကျင်းပတဲ့ အခါမှ အပြီးသတ် ဆုံးဖြတ်မယ်လို့ သိရပုံ ကိုလည်း ပြောပြပါတယ်။

ဒါပေမယ့် လေ့လာ စောင့်ကြည့် တဲ့ အဖွဲ့တွေနဲ့ တိုင်ပင်မှု မရှိတဲ့ အတွက် ဇွန်လ မှာ အတည်ပြုမယ့် ကိစ္စ ကို စောင့်ဆိုင်း စေချင်ကြောင်း ကိုအောင်မျိုးမင်း က ဘီဘီစီ ကို ရှင်းပြပါတယ်။