ကေဂျီဘီအရာရှိဟောင်း ဂျော်ဂျီယာ ခွဲထွက်နယ် သမ္မတ ဖြစ်လာ

  • 9 ဧပြီ 2012
Ossetia ဓာတ်ပုံ မူပိုင် BBC World Service
Image caption မစ္စတာ Tibilov က တောင်နဲ့မြောက် အိုဆက် တီယာ ပေါင်းစည်းရေး ကို မြင်ချင်တယ် လို့ဆို

ဂျော်ဂျီယာ နိုင်ငံက နေခွဲထွက် သွားတဲ့ တောင်ပိုင်း Ossetia ပြည်နယ် သမ္မတ ရွေးကောက်ပွဲ မှာ KGB အရာရှိ ဟောင်း Leonid Tibilov အနိုင်ရ သွားပါတယ်။

မစ္စတာ Tibilov က သူ့ အနေနဲ့ တောင်ပိုင်း Ossetia ကို ရုရှ ပိုင်တဲ့ မြောက်ပိုင်း နဲ့ ပေါင်းစည်းဖို့ ဆန္ဒ ရှိတယ်လို့ ပြောလိုက် ပြီး၊ တကယ် လို့ အဲဒီလို ပေါင်းစည်း လိုက်ရင် Ossetia တခု လုံး ဟာ ရုရှ ပိုင်နက် နယ်မြေ ဖြစ်သွား မှာပါ။

ဒါပေမယ့် တောင်ပိုင်း အိုဆက် တီယာကို ရုရှတို့ သိမ်းပိုက် ထားတဲ့ ဂျော်ဂျီယာ ပိုင်နက် နယ်မြေ အဖြစ် ရှုမြင် ကြတဲ့ ဂျော်ဂျီယာ အစိုးရ၊ အီးယူ ဥရောပ သမဂ္ဂ နဲ့ အမေရိကန် ပြည်ထောင်စု တို့ ကတော့ ဒီ အစီအစဉ် ကို ဆန့်ကျင် ကြမှာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် တုန်းက တောင်ပိုင်း အိုဆက်တီယာ မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု တွေကနေ ရုရှနဲ့ ဂျော်ဂျီယာ နှစ်နိုင်ငံ အကြား စစ်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။