ဘရာဇီးနဲ့ အမေရိကန် ဆက်ဆံရေး တိုးမြှင့်ဖို့လို

  • 10 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒဲလ်မာ ရူဆက်နဲ့ အိုဘားမား

ဒေသတွင်းမှာ အမေရိကန်နဲ့ ဘရာဇီး ဆက်ဆံရေး အရေးပါမှုဟာ ကြီးထွားလာနေတယ်လို့ နှစ်နိုင်ငံ သမ္မတတွေက အလေးအနက်ထား ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော်မှာ တွေ့ဆုံကြပြီးတဲ့နောက် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့ လိုအပ်ကြောင်းကို သမ္မတ အိုဘားမားနဲ့ ဘရာဇီး သမ္မတ ဒဲလ်မာ ရူဆက်ဖ် တို့က အသိအမှတ်ပြု ဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် ချမ်းသာတဲ့ နိုင်ငံကြီးတွေရဲ့ စျေးကွက်ချဲ့ထွင်ရေး ငွေကြေးပေါ်လစီတွေက စီးပွားရေး ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေရဲ့ တိုးတက်မှုကို အန္တရယ်ပေး ခြိမ်းခြောက် ခဲ့တယ်လို့ မစ္စ ရူဆက်ဖ်က ပြောပါတယ်။

ဘရာဇီးက စီးပွားရေးအင်အား ကြီးထွားလာတဲ့ အခါ စွမ်းအင် ကဏ္ဍနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆက်ဆံရေး အလားအလာ ပျက်သုဉ်း လာတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ အတူတကွ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာတွေ ရှိတယ် အထူးသဖြင့် ဘရာဇီးဟာ ရေနံ ၊ သဘာဝ ဓါတ်ငွေ့ အပြင် သိပ္ပံနဲ့ နည်းပညာတွေလည်း ကြွယ်၀တယ်လို့ မစ္စ ရူဆက်ဖ်က ဆိုပါတယ်။