ဖလော်ရီဒါ လူသတ်မှု တရားစွဲ

  • 12 ဧပြီ 2012
trayvon ဓာတ်ပုံ မူပိုင် bbc
Image caption လူသတ်မှုကြောင့် အမေရိကန်မှာ ဂယက်ရိုက်

ဖလော်ရီဒါ ပြည်နယ်က လက်နက်မပါတဲ့ လူမည်း လူငယ်တဦးကို အငြင်းပွား ဖွယ်ရာ သတ်ဖြတ်မှု အတွက် လူ တယောက်ကို ပစ်ခတ်မှု ဖြစ်ပြီး ရက်သတ္တပတ် အတော်ကြာမှ ဖမ်းဆီး စွဲဆိုခဲ့ပါတယ်။

ထရေဗွန် မာတင်ကို သတ်မှုနဲ့ လူသတ်သမား ဂျော့ဇင်မာမန်ကို တရားမစွဲဖို့ အစိုးရ ရှေ့နေတွေ ကနဦး က ဆုံးဖြတ် ခဲ့တဲ့အတွက် စိတ်ဆိုး မာန်ဆိုးနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ဒီလူသတ်မှုကြောင့် အမေရိကန် လူ့အဖွဲ့အစည်းမှာ အတော် ဂယက်ရိုက် သွားပါတယ်။

မစ္စတာ ဇင်မာမန်ဟာ အိမ်နီးချင်းတွေကို စောင့်ကြည့် ကူညီတဲ့ အလုပ်ကို စေတနာ့ ဝန်ထမ်း လုပ်ကိုင် နေသူ ဖြစ်ပြီး သူ့ကိုယ်သူ ကာကွယ်ဖို့ လုပ်ရတာ လို့ ဆိုပါတယ်။

ဒါပေမယ့် သက်သေ တွေ့ရှိချက်တွေနဲ့ ကွဲလွဲ နေပါတယ်။

ခြိမ်းခြောက်ခံရသူ အတွက် ခုခံပိုင်ခွင့် အဖြစ် သေစေလောက်တဲ့ အင်အားသုံးခွင့် ပေးတဲ့ ဖလော်ရီဒါ ဥပဒေကို သုံးပြီး သူ့ဘက်က ခုခံ နေတာ ဖြစ်ပါတယ်။