ဥဇ်ဘကစ္စတန်မှာ အမျိုးသမီးတွေ သားကြောဖြတ်ခံနေရ

  • 11 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ကာယကံရှင်တွေရဲ့ သဘာ တူညီချက် မပါဘဲနဲ့ သားကြော ဖြတ်ခံနေကြရ

ဥဇ်ဘကစ္စတန် မှာရှိတဲ့ အမျိုးသမီးတွေဟာ သူတို့အနေနဲ့ ဘာမှာ မသိလိုက်ရပဲ သားကြော ဖြတ်ခံနေကြရတယ်ဆိုတာကို ဘီဘီစီရဲ့ စုံစမ်း လေ့လာချက်ကနေ ဖေါ်ထုတ်နိုင်ခဲ့ ပါတယ်။

ဘာမှ တိုင်ပင်ဆွေးနွေးမှုတွေလည်းမလုပ်၊ ကာယကံရှင်တွေရဲ့ သဘာ တူညီချက်လည်း မပါပဲနဲ့ သားကြောဖြတ် ခံလိုက်ရတဲ့ အဲဒီ ဥဇ်ဘကစ္စတန်က အမျိုးသမီးတွေကို ဘီဘီစီ အရှေ့အာရှ သတင်းထောက်က တွေ့ဆုံ စကား ပြောခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ ဒါမှမဟုတ် တတိယ အကြိမ်မြောက် ကလေးမွေးပြီးသွားတဲ့ အမျိုးသမီးတွေထဲက အများစုကို ဆရာဝန်တွေက သားအိမ်ပြွန် ထုံးလိုက်တာ ဖြစ်ပြီး၊ တချို့အမျိုးသမီးတွေကတော့ သားအိမ်ပါ ဖယ်ရှား ခံလိုက်ရတာ ဖြစ်ပါတယ်။

ဥဇ်ဘကစ္စတန် ကျန်းမာရေးဝန်ကြီးဌာကနေ ဆရာဝန်တွေအနေနဲ့ ခွဲတန်းအလိုက် အမျိုး သမီးတွေကို သားကြောဖြတ်ဖို့ အမိန့်ထုတ်ပြန်ထားတာ ဖြစ်တယ်လို့ ဆရာဝန်တွေ က ပြောပါတယ်။

အစိုးရကတော့ သူတို့မှာ အခုလို လုပ်ဖို့ဆိုတဲ့ မူဝါဒ မရှိကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုသွား ပါတယ်။