တပ်တွေမရုပ်သိမ်းဘူးလို့ တောင်ပိုင်း ဆူဒန် ကဆို

  • 12 ဧပြီ 2012
ဆူဒန် ဓာတ်ပုံ မူပိုင် AFP
Image caption သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရတဲ့ တောင်ပိုင်း ဆူဒန် နိုင်ငံခြားရေး အတွင်းဝန်

တောင်ပိုင်း ဆူဒန် နိုင်ငံ သမ္မတ Salva Kiir က ဆူဒန် နိုင်ငံနဲ့ ဒီ တစ်ပတ် အတွင်း နယ်စပ် အငြင်း ပွားမှု တွေ ဖြစ်ခဲ့ စဉ်က သိမ်းပိုက် ထားတဲ့ Heglig ရေနံ မြေ ဒေသ ကနေ သူတို့ တပ်တွေ ဆုတ်ခွာ ပေးမှာ မဟုတ် ဘူးလို့ ပြော ပါတယ်။

ဒါ့အပြင် နောက်ထပ် ပိုင်နက် အငြင်း ပွားမှု ဖြစ်နေတဲ့ Abyei ဒေသ ကိုလည်း နောက်ထပ် စစ်တပ်တွေ ထပ်မံ စေလွှတ် မယ်လို့ သူက ပြော ပါတယ်။

ခါတွန် အစိုးရနဲ့ စစ်ဖြစ်ဖို့ ဆန္ဒ မရှိ ပေမယ့် တောင်ပိုင်း ဆူဒန် နိုင်ငံ အပေါ် စတင် တိုက်ခိုက် တာ ခံရလို့ ကိုယ့်ကို ကိုယ် ကာကွယ် ရတာ ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

ဆူဒန် နိုင်ငံ သမ္မတ အိုမာ အယ်လ် ဘာရှား ကတော့ နိုင်ငံခြား က သွေးထိုး မှုကြောင့် တောင်ပိုင်း ဆူဒန်ဟာ စစ်ဖြစ်မယ့် လမ်းကြောင်း ကို ရွေးချယ် ခဲ့တာ ဖြစ်တယ် လို့ ပြောပါတယ်။