အီဂျစ်မှာ ဆန္ဒပြမှု ထပ်ဖြစ်ပြန်

  • 13 ဧပြီ 2012
Egypt ဓာတ်ပုံ မူပိုင် BBC World Service
Image caption တာဟီရာ ရင်ပြင်ဟာ ဆန္ဒပြသူတွေ အဓိက စုရုံးရာ နေရာ တခုပါ

အီဂျစ် နိုင်ငံမှာ သမ္မတဟောင်း ဟိုစနီမူဘာရက် ရဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း Omar Suleiman ကို သမ္မတလောင်း အဖြစ် ရွေးကောက်ပွဲ ဝင်ခွင့်ပြုဖို့ ဆုံးဖြတ် ချက်ကို ဆန့်ကျင်ပြီး လူ ထောင်ပေါင်း များစွာဟာ ကိုင်ရို မြို့တော် တာဟီရာ ရင်ပြင်မှာ ဆန္ဒပြ နေကြ ပါတယ်။

မူဆလင် ညီနောင်များ အဖွဲ့က တော်လှန်ရေး ကို ကာကွယ်ကြ ဆိုပြီး အခုလို ဆန္ဒပြဖို့ ဆော်သြ ခဲ့တာပါ။

မူဘာရက် ကိုထောက်ခံ သူတွေ အာဏာ ရလာ မှာကို စိုးရိမ် သူတွေ ကလည်း ဒီဆန္ဒပြ မှုမှာ ပါဝင် ခဲ့ကြ ပါတယ်။

သမ္မတ မူဘာရက် လက်ထက်က အဆင့်မြင့် အရာရှိတွေကို ရွေးကောက်ပွဲ ဝင်ခွင့်မပြုဖို့ တားမြစ်တဲ့ ဥပဒေကို အီဂျစ် ပါလီမန်က အင်္ဂါနေ့ တုန်းက ချမှတ်ခဲ့ ပေမယ့် စောင့်ကြည့် လေ့လာ သူတွေက တော့ လက်ရှိအာဏာ ယူထားတဲ့ စစ်ကောင်စီက ဒါကို ဗီတို အာဏာ သုံးပြီး ပယ်ချ လိမ့်မယ်လို့ ခန့်မှန်း နေပါတယ်။