အငြင်းပွားနေတဲ့ Heglig ရေနံမြေမှာ တိုက်ပွဲဖြစ်

  • 13 ဧပြီ 2012
Image caption Heglig ရေနံမြေကို တွေ့ရပုံ

အခု သီတင်းပတ် အစောပိုင်းတုန်းက တောင်ပိုင်း ဆူဒန် နိုင်ငံက သိမ်းပိုက်ထားတဲ့ နှစ်နိုင်ငံ အငြင်းပွားရာ Heglig ဟစ်ဂ် လစ်ဂ် ရေနံမြေကို ပြန်သိမ်းနိုင်ဖို့ သူတို့စစ်တပ်တွေက ပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ ဆူဒန် သမ္မတ နိုင်ငံက ဆိုပါတယ်။

ဟစ်ဂ်လစ်ဂ် မြို့စွန်နားမှာ သူတို့ တပ်တွေ ရောက်နေပြီလို့ ဆူဒန်က ပြောပေမယ့် ပြီးခဲ့တဲ့ နာရီပိုင်းတွေ အတွင်း အဲဒီမြို့မှာ တိုက်ပွဲတွေ ဘာမှ မဖြစ်ခဲ့ဘူး သူတို့ တပ်တွေက အခိုင်အမာ ဆက်လက် ထိန်းချုပ်ထားဆဲပါလို့ တောင်ပိုင်း ဆူဒန်က ဘီဘီစီကို ပြောပါတယ်။

အစောပိုင်းတုန်းကတော့ အဲဒီဒေသကို ဆူဒန်က တိုက်ခိုက်မှုတွေ မလုပ်ဘူး ဆိုရင် သူတို့အနေနဲ့ တပ်တွေ ရုတ်သိမ်းဖို့ သဘောတူကောင်း တူမယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။