ဆီးရီးယား အရေးဆိုင်ရာ ကုလသမဂ္ဂ မူကြမ်း မဲခွဲတော့မယ်

  • 13 ဧပြီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယား အရေးဆိုင်ရာ အဆင့်မြင့် သံတမန် ကိုဖီ အာနန်

ဆီးရီးယား နိုင်ငံက အပစ်အခတ် ရပ်ဆဲမှု အခြေအနေတွေကို လေ့လာ စောင့်ကြည့်ဖို့ အဆင့်မြင့် အဖွဲ့တဖွဲ့ စေလွှတ်နိုင်မယ့် ပြန်ပြင်ထားတဲ့ အဆိုပြုချက် မူကြမ်းကို အချောသတ် နေပြီလို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေက ပြောပြီး ဒီနေ့ စနေနေ့ မကြာခင် အချိန်ပိုင်းအတွင်းမှာ ဒီမူကြမ်းသစ်ကို မဲခွဲဆုံးဖြတ်ကြတော့မှာပါ။

ဒီ အဆိုပြုချက် အတည်ဖြစ်တာနဲ့ ဒမားစကတ်ဒ်မြို့ကို ထွက်ခွာမယ့် လေ့လာစောင့်ကြည့်ရေး အဖွဲ့တဖွဲ့ဟာလည်း အဆင်သင့် ဖြစ်နေပြီလို့ ကုလသမဂ္ဂ အဆင့်မြင့် သံတမန် Kofi Annan ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

ပထမတုန်းက ပြင်ထားတဲ့ မူကြမ်းဟာ မလိုအပ်ဘဲ ရှုတ်ထွေးနေပြီး ရိုးစင်းတဲ့ အချက်အလက်တွေ ပါဖို့ လိုပါတယ် ဒါမှသာ သူ့အဆိုအရ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်မှာပါလို့ ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကြီး Vitaly Churkin က ပြောပါတယ်။