ကာဘူးလ်မြို့တော် ထဲမှာ တာလီဘန် တိုက်ခိုက်ခံရ

  • 15 ဧပြီ 2012
kabul_attack ဓာတ်ပုံ မူပိုင် AFP
Image caption အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များ

အာဖဂန် နစ္စတန် နိုင်ငံက ကာဘူးလ် မြို့တော်မှာ ရှိတဲ့ နေတိုး စစ်စခန်းတွေ၊ ပါလီမန်နဲ့ အနောက် နိုင်ငံ တွေရဲ့ သံရုံး တွေကို တာလီဘန် စစ်သွေး ကြွတွေက တပြိုင်နက် ဆိုသလို တိုက်ခိုက် ခဲ့ကြ ပါတယ်။

ပေါက်ကွဲသံတွေ ကြားရအပြီး နာရီ အတော် ကြာတဲ့ အထိ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ လက်နက် အပြည့်အစုံ ကိုင်ဆောင် ထားကြတဲ့ သူပုန်တွေ အကြား တိုက်ခိုက် မှုတွေ ဆက်ဖြစ် နေခဲ့ တယ်လို့ သတင်းတွေ မှာ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်ခဲ့ကြ သူတွေထဲက တချို့ ကိုတော့ သုတ်သင် နိုင်ခဲ့ကြပါတယ်။ နောက်ပြီး အာဖဂန် ဒုတိယ သမ္မတ မိုဟာမက် ခါရင်မ် ခါလီလီကို လုပ်ကြံဖို့ ရည်ရွယ် ထားတဲ့ အသေခံ ဗုံးခွဲသမား ၂ ယောက် ကိုလဲ ဖမ်းဆီး ရမိခဲ့တဲ့ အကြောင်း အာဖဂန် အာဏာပိုင် တွေကပြော ပါတယ်။