ကင်ဂျုံအွန်း လူထုကို ပထမဦးဆုံး မိန့်ခွန်းပြောကြား

  • 15 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption အမျိုးသားရေး ဂုဏ်သိက္ခာက ပိုအရေးကြီး ကြောင်း ပြောကြားခဲ့

မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအွန်းဟာ လူထုရှေ့ကို ပထမဦးဆုံး အကြိမ် ထွက်လာပြီး ပြုံရမ်းမြို့ လူထုကြီးကို မိန့်ခွန်း ပြောကြားသွားရာမှာ ရန်သူတွေဟာ အဏုမြူဗုံး သုံးပြီး မိမိတို့တိုင်းပြည်ကို ခြိမ်းခြောက်နေတာတွေဟာ ကုန်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

နောက်ပြီး စစ်တပ်ဟာ နည်းပညာတွေနဲ့ အင်အားတောင့်တင်း ခိုင်မာနေရင် နယ်ချဲ့သမားတွေ ဝင်ရောက် ချယ်လှယ်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။

မစ္စတာကင်ဟာ သူ့အဖိုးဖြစ်သူ မြောက်ကိုရီးယားကို တည်ထောင်သူ ကင်အီဆွန်းရဲ့ ရာပြည့်ပွဲ အတွက် ကြီးမားလှ စစ်ရေးပြ အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူက ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်း၊ ဒီထက် ပိုအရေးကြီးတာကတော့ အမျိုးသားရေး ဂုဏ်သိက္ခာဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်ကတော့ မြောက်ကိုရီးယားတို့ဟာ ဒုံးပျံတစင်းပစ်လွှတ်ရာ မအောင်မမြင် ဖြစ်ပြီး ပျက်ကျသွားခဲ့ပါတယ်။

အခု စစ်ရေးပြပွဲမှာတော့ ဆေးရောင်ချယ်ပြီး ပုံဖျက်ထားတဲ့ ဒုံးကျဉ်တလုံးကို ပြသခဲ့ရာ ဒါဟာ မြောက်ကိုရီးယားတို့ရဲ့ နောက်ထပ် ပိုမြိုကြီးမားတဲ့ လက်နက် ဖြစ်ပုံပေါ်တယ်လို့ အကဲခတ် တွေက ပြောပါတယ်။

ဒီဒုံးကျဉ်ဟာ တကယ်အစစ် ဖြစ်ခဲ့ရင်တော့ ဘယ်လို အသုံးပြုနိုင်မယ်ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။