ပါကစ္စတန်မှာ ထောင်ဖောက် ထွက်ပြေးသူတွေကို ရဲက လိုက်ရှာနေ

  • 15 ဧပြီ 2012
pakistan_prison_break
Image caption ပါကစ္စတန်က အတိုက်ခိုက် ခံခဲ့ရတဲ့ ထောင်

ပါကစ္စတန် နိုင်ငံမှာတော့ ထောင်ဖောက်ပြီး ထွက်ပြေး သွားခဲ့ကြတဲ့ အကျဉ်းသား ၄၀၀ နီးပါးကို ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေ နေကြ ပါတယ်။

နိုင်ငံရဲ့ အနောက်မြောက်ပိုင်း က ထောင်တခုကို တာလီဘန် တွေက ဝင်ရောက် တိုက်ခိုက် ခဲ့ကြအပြီးမှာ အခုလို ထွက်ပြေး သွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ ထွက်ပြေး လွတ်မြောက် သွားခဲ့သူ တွေထဲမှာ စစ်သွေး ကြွတွေ အပါအဝင် ရာဇဝတ်သား တွေလည်း ပါဝင် တဲ့ အကြောင်း၊ အဲဒီထဲက တဉီးဟာ ဆိုရင် အရင် ပါကစ္စတန် သမ္မတ ပါဗက်ဇ် မူရှာရဖ်ကို လုပ်ကြံဖို့ စီစဉ် ကြိုးစား ခဲ့မှုနဲ့ သေဒဏ် ကျခံနေရ သူဖြစ်ကြောင်း အာဏာပိုင် တွေဘက်က ပြောပါတယ်။