ဆူဒန်နဲ့ တောင်ဆူဒန် နယ်စပ်က တိုက်ပွဲတွေ ပြင်းထန်လာ

  • 15 ဧပြီ 2012
sudan ဓာတ်ပုံ မူပိုင် BBC World Service
Image caption တောင်ဆူဒန် ဘက်က အပျက်အဆီးများ

ဆူဒန်နိုင်ငံနဲ့ တောင်ဆူဒန်နိုင်ငံ တို့ရဲ့ နယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့ အခြေအနေတွေ ဟာ ပိုပြီး ပြင်းထန် လာနေပါတယ်။

တောင်ဆူဒန် ဘက်က ဘန်တီအူ မြို့ကို ဆူဒန် လေတပ်ဘက်က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ လူ ၅ ဉီး အသက်ဆုံးရှုံး သွားခဲ့ရတယ်လို့ တောင်ဆူဒန် ဒုတိယ သမ္မတ ရိခ် မာချာ က ဘီဘီစီကို ပြောပါတယ်။ ကုလသမဂ္ဂ ကလည်း ဒီလို ပုံစံမျိုး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လန်ဒန် မြို့က ဆူဒန် သံအမတ် ဖြစ်တဲ့ အဗ္ဗဒူလာဟီ အဲလ် အာဇတ်ခ် ကတော့ ဆူဒန် ဘက်က အရပ်ဘက်ပြည်သူ တွေကို မတိုက်ခိုက်ခဲ့ ကြောင်း ပြောပါတယ်။ ဆက်လက်ပြီး သူက တောင်ဆူဒန် က ထောက်ပံ့ ကူညီနေတဲ့ မြောက်ပိုင်းက သူပုန်တွေရဲ့ စစ်စခန်း တွေကို တော့ ဗုံးကြဲ တိုက်ခိုက်ခဲ့ တယ်လို့ ဆိုပါတယ်။