နောက်ဆုံး ရေးသားချိန် 17 ဧပြီလ 2012 - 20:00 GMT

ဧပြီ ၁၇ နိုင်ငံတကာသတင်း ဗီဒီယို

မီဒီယာ ပလေးယား

နော်ဝေး သေနတ်သမား ရုံးတင် ၊ ဂဒါဖီရဲ့သားကို လစ်ဗျားမှာပဲ စစ်ဆေးဖို့ အိုင်စီစီ သဘောတူ၊ ကမ္ဘာ့ဘဏ် ဥက္ကဌသစ် အမေရိကန် နိုင်ငံသား ပြန်ဖြစ်။

လူ ၇၇ ယောက် ကို သတ်ခဲ့တဲ့ နော်ဝေးနိုင်ငံက အစွန်းရောက် သေနတ်သမားကို ရုံးတင်စစ်ဆေးခဲ့ပါတယ်။ သူက ဒုတိယ ကမ္ဘာစစ်အပြီးမှာ အထူးခြားဆုံးလုပ်ရပ်ဆိုပြီး ဝင့်ကြွားပြောဆိုခဲ့ပါတယ်။

ဂဒါဖီရဲ့သား ဆေ့ဖ် ဂဒါဖီကို လစ်ဗျားနိုင်ငံမှာပဲ ရုံးတင်စစ်ဆေးဖို့ အိုင်စီစီ နိုင်ငံတကာ ခုံရုံးက သဘောတူလိုက်ပါပြီ။ အရင်က သည်ဟိတ်ခုံရုံးကို ပို့ပေးဖို့ တောင်းဆိုခဲ့တာပါ။ အခုအခါမှာတော့ လစ်ဗျားနိုင်ငံတွင်းမှာပဲ အိုင်စီစီရဲ့ ကြီးကြပ်စစ်ဆေးဖို့ကို နှစ်ဘက် သဘောတူညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဌအသစ်အဖြစ် အမေရိကန်က အမည်စာရင်းတင်သွင်းတဲ့ ဂျင်မ် ရောင် ကင်မ် ကိုပဲ ရွေးချယ်လိုက်ပါတယ်။ လူပေါင်း သန်းတထောင်လောက် ဆင်းရဲမွဲတေနေတာဟာ လက်ခံနိုင်ဖွယ် မဟုတ်ဘူးလို့ သူက ပြောဆိုလိုက်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။