စပိန် ကုမ္ပဏီ အာဂျင်တီးနား နိုင်ငံပိုင်လုပ်

  • 18 ဧပြီ 2012
argentina ဓာတ်ပုံ မူပိုင် AFP
Image caption ရေနံ ကုမ္ပဏီကို နိုင်ငံပိုင် ပြုလုပ်ကြောင်း အာဂျင် တီးနား သမ္မတ ကြေညာ

စပိန်က ရက်ပစော စွမ်းအင် ကုမ္ပဏီက တ စိတ်တပိုင်း ပိုင်တဲ့ YPF ရေနံ ကုမ္ပဏီကို အာဂျင်တီးနားက နိုင်ငံပိုင် ပြုလိုက်ပါ တယ်။

နိုင်ငံပိုင် သိမ်းရာမှာ အဓိက အချက် နှစ်ချက် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က သုံး သပ်ပါတယ်။

တချက်က အာဂျင်တီးနားက ၂၀၁၀ က စပြီး ရေနံကို ဝယ်သုံးရပြီး ဒါဟာ ခု နိုင်ငံပိုင် သိမ်း လိုက်တဲ့ ကုမ္ပဏီက လုံလောက်တဲ့ ရင်းနှီးမြှတ်နှံမှု မလုပ်တဲ့ အတွက်လို့ အာဂျင်တီးနား အစိုးရက မြင်ပါတယ်။

နောက်တချက်က ပိုအခြေခံကျတဲ့ အချက်က အာဂျင်တီနားအစိုးရက နိုင်ငံပိုင် ရေနံလို အ ဓိက စွမ်းအင်ကို အစိုးရက ဉီးစီး ထုတ်နိုင်တဲ့ ကုမ္ပဏီ တခု လိုချင်နေတယ်။

တောင်အမေရိကမှာ အစိုးရပိုင် ရေနံကုမ္ပဏီ မရှိတာ အာဂျင်တီးနား တနိုင်ငံပဲ ရှိတဲ့အတွက် ပြည်သူပိုင် သိမ်းဖို့ ဖြစ်လာပါတယ်။

ခုအသိမ်းခံလိုက်ရတဲ့ YPF ကို ပိုင်တဲ့ စပိန်က ရက်ပစော ကုမ္ပဏီက ခုနိုင်ငံပိုင် သိမ်းယူ မှုဟာ တရားမဝင်ဘူးလို့ ပြောပါတယ်။

ရက်ပစောက သူတို့ ဥပဒေကြောင်းအရ ဆောင်ရွက်မယ် ပြောပေမယ့် ဒီလို အမှုမျိုးကို ဘယ်လို တရားစွဲမလဲ ဆိုတာ အင်မတန် စဉ်းစားရ ကြပ်ပါတယ်။

ဒီတော့ စပိန်က ခုကိစ္စမှာ အာဂျင်တီးနားဘက်က ဘယ်သူမှ မရှိတဲ့ အခြေအနေတခုကို ကြိုးစား ဖန်တီးယူနေပါတယ်။

ဥရောပ သမဂ္ဂက ဒီကုမ္ပဏီဟာ အီးယူ ကုမ္ပဏီ ဖြစ်တယ်ဆိုပြီး စောစောက ပြောလာပါ တယ်။

စပိန် ဝန်ကြီးချုပ်က လောလောဆယ် မက်ဆီကိုမှာ ရောက်နေပြီး မကြာခင် ကိုလံဘီယာကို သွားပြီး ဒီသံတမန်နည်းလမ်းတွေနဲ့ပဲ ကြိုးစားနေတာ ရှိပါတယ်။

တကယ်တော့ ခု နိုင်ငံပိုင် သိမ်းလိုက်တဲ့ ကုမ္ပဏီဟာ အာဂျင်တီးနားမှာ ရေနံ ပထမဆုံး ရှာတွေတဲ့ ကုမ္ပဏီ ဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပုဂ္ဂလိကပိုင် ပြောင်းလိုက်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ဒီတော့ အာဂျင်တီးနား ပြည်သူတွေက ဒီကုမ္ပဏီနဲ့ ပတ်သက်ရင် ဒါသူတို့ပိုင် ပစ္စည်းလို့ သဘောထားပြီး စိတ်ခံစားမှု အတော်လေး ကြီးပါတယ်။

အတော်များများက ထောက်ခံပြီး ဒါကိုသိတဲ့ အစိုးရက နိုင်ငံရေးအရလည်း အမြတ်ထွက် အောင် တချက်ခုတ် နှစ်ချက်ပြတ် လုပ်လိုက်တာပဲလို့ သတင်းထောက် ဗလာဒီမီယာ ဟာနန်ဒက်ဇက ဘွေနိုအဲရီးစကနေ သတင်း ပေးပို့ထားပါတယ်။