တောင်ကိုးရီးယားက ဒုံးကျည်တွေ တပ်ဆင်

  • 19 ဧပြီ 2012
North Korea ဓာတ်ပုံ မူပိုင် no credit
Image caption ဒီလအတွင်း မြောက်ကိုးရီးယားရဲ့ စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်ခဲ့

မြောက်ကိုးရီးယားရဲ့ ဘယ်နေရာမဆို လှမ်းပစ်နိုင်တဲ့ တာဝေးပစ် ခရု(စ်) မစ်ဇိုင်း ဒုံးကျည်စင်တွေကို တောင်ကိုးရီးယားမှာ တပ်ဆင်ထားပြီး ဖြစ်တယ်လို့ တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အခုတပ်ဆင်ထားတဲ့ မစ်ဇိုင်း ဒုံးကျည်တွေဟာ ကီလိုမီတာ တစ်ထောင်အကွာအဝေးထိ လှမ်းပစ်နိုင်ပြီး မြောက်ကိုးရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံးလက်နက်ရှိတဲ့ နေရာတွေကို ထိမှန်အောင် ပစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလအတွင်းမှာပဲ မြောက်ကိုးရီးယားဘက်က မအောင်မြင်တဲ့ ရော့ကက် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုအပြီး တောင်ကိုးရီးယား ဘက်က အခုလို ကြေငြာခဲ့ တာလည်း ဖြစ်ပါတယ်။

မြောက်ကိုးရီးယားဘက်ကနေ နျူကလီးယား ဒါမှမဟုတ် တာဝေးပစ် ဘယ်လစ်စတစ် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်မှာကို တောင် ကိုးရီးယား ဘက်က စိုးရိမ်မှုတွေ လည်း ရှိနေပါတယ်။

တောင်ကိုးရီးယားဘက်က နောက်ထပ် တာတိုပစ် ဒုံးကျည်စင် အသစ်တွေကိုလည်း တပ်ဆင်ဖို့ ရှိပြီး မြောက်ကိုးရီးယား ဘက်က မဆင်မခြင် ရန်စလာမယ်ဆိုရင် လက်တုံ့ပြန်သွား မယ်လို့လည်း ပြောပါတယ်။