နောက်ဆုံး ရေးသားချိန် 19 ဧပြီလ 2012 - 13:20 GMT

ဧပြီ ၁၉ ရက် နိုင်ငံတကာ ဗီဒီယို သတင်းလွှာ

မီဒီယာ ပလေးယား

အီရတ်နိုင်ငံတဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးဖေါက်ခွဲတိုက်ခိုက်မှုတွေကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

မြို့တော် ဘဂ္ဂဒက်က ကားဗုံးတိုက်ခိုက်မှုမှာ အီရတ်ကျန်းမာရေးဝန်ကြီး သီသီလေးလွတ်သွားခဲ့ပါတယ်။

ဆီးရီးယားအစိုးရဟာ နိုင်ငံတကာငြိမ်းချမ်းရေးအစီအစဉ်ကို အပြည့်အဝ အကောင်အထည်မဖေါ်သေးဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

မြို့တွေကနေ အစိုးရတပ်တွေနဲ့ လက်နက်ကြီးတွေ မရုတ်သိမ်းသေးဘူးလို့ ပြောပါတယ်။ ကြီးကြပ်သူ ၃၀၀ ပါပြီး ၃ လကြာမယ့် ကြီးကြပ်ရေးအဖွဲ့စေလွှတ်ဖို့ မစ္စတာဘန်က တောင်းဆိုနေပါတယ်။

အိန္ဒိယက မိုင် ၃၀၀၀ ကျော် အကွာဝေးကို ပစ်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်သစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဘီဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေထိ ရောက်နိုင်တဲ့ ဒီဒုံးကျည်ကို သြရစ်သပြည်နယ် ကမ်းလွန် ပင်လယ်ပြင်မှာရှိတဲ့ကျွန်းတကျွန်းကနေ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။