တရုတ် ရဲက လူသတ်မှုကို ဖုံးကွယ်တယ် လို့ဆို

  • 20 ဧပြီ 2012
Neil Heywood ဓာတ်ပုံ မူပိုင် bbc
Image caption Neil Heywood သေဆုံးမှုမှာ Bo Xilai ရဲ့ ဇနီး ကို အဓိက သံသယ ရှိနေပါတယ်

တရုတ် နိုင်ငံမှာ နှစ်ပေါင်း များစွာ အတွင်း နိုင်ငံရေး အရ အဆိုးဆုံး အရှက်ရ စရာ ဖြစ်ခဲ့ ရတဲ့ ဗြိတိသျှ စီးပွားရေး သမား တဉီး အသတ်ခံ ခဲ့ရတဲ့ ကိစ္စကို တရုတ် အာဏာပိုင် တွေက ဖုံးဖိ ထားခဲ့ ကြတယ် ဆိုတဲ့ စွပ်စွဲချက် နဲ့ ပတ်သက်ပြီး တရုတ် အစိုးရ သတင်း မီဒီယာ မှာ အဆင့်မြင့် သတင်း သမား တဉီး အဖြစ် အလုပ်လုပ် ခဲ့သူ တဉီးက မှန်တယ် လို့ဆို ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ လတုန်းက ချုံချင်း မြို့မှာ သေဆုံး သွားတဲ့ Neil Heywood ဟာ အရက် အမူးလွန် တာကြောင့် သေတာ မဟုတ်ဘဲ အသတ်ခံ ရတာ ဖြစ်နိုင်တယ် လို့ တရုတ် အစိုးရက ဒီလ ထဲမှာ ပြောခဲ့ပြီး အဲဒီ မြို့က ပါတီ ခေါင်းဆောင် Bo Xilai ရဲ့ ဇနီးဟာ ဒီ အမှုမှာ အဓိက သံသယ ရှိခံရ သူဖြစ်တယ် လို့ အာဏာပိုင် တွေက ဆိုပါတယ်။

ဒါပေမယ့် Han Pingzao ဆိုတဲ့ သတင်း သမားက Mr Heywood ဟာ အသတ်ခံ ခဲ့ရတယ် ဆိုတာကို ရဲက ချက်ချင်း သိခဲ့ပြီး သူတို့ကို လက်စားခြေ ခံရမှာ စိုးတဲ့ အတွက် ဒီအမှု ဟာ Mr Bo ရဲ့ မိသားစု နဲ့ ပတ်သက် နေတယ် ဆိုတာကို စုံစမ်း တွေ့ ရှိ ခဲ့တဲ့ စုံထောက် သုံးဉီး ကိုလည်း ထုတ်ပစ် ခဲ့တယ်လို့ ပြောပါတယ်။