ပြင်သစ် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံး မဲဆွယ် စည်းရုံးပြီ

  • 20 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဆာကိုဇီ ပြိုင်ဖက် ဖရန်ဆွာ အိုလွန်း

ပြင်သစ်နိုင်ငံမှာ လာမယ့် တနင်္ဂနွေကျရင် ကျင်းပမယ့် ပထမ အဆင့် သမ္မတရွေးကောက်ပွဲ အတွက် သမ္မတ Nicolas Sarkozy က သူရဲ့ နောက်ဆုံး မဲဆွယ်စည်းရုံးပွဲ ကျင်းပခဲ့ပါတယ်။ သူ့ထောက်ခံသူတွေကို ဆော်သြ စည်းရုံးပါ ၊ ပွင့်ပွင့်လင်းလင်း ထုတ်ပြောပါ ၊ သူ့အခေါ်အရ ခိုင်မာ တောင့်တင်းတဲ့ ပြင်သစ်နိုင်ငံအတွက် သမ္မတ တယောက်ကို ရွေးချယ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဆိုရှယ်လစ် ဝါဒီ တယောက်ဖြစ်တဲ့ သူ့ပြိုင်ဖက် Francois Hollande ကတော့ ပြင်သစ်ရဲ့ ဘဏ္ဍာရေး အကြပ်အတည်း ဆိုးရွားမှုတွေကို ဖြေရှင်းဖို့ ခြိုးချန် ချွေတာရေး အစား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ပိုလိုအပ်တယ်လို့ အလေးနက်ထား ပြောသွားခဲ့ပါတယ်။

အခု ပထမ အဆင့် ပြိုင်ပွဲမှာ ကိုယ်စားလှယ်လောင်း ရှစ်ယောက် ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။