ဒေါ်လာဘီလီယံ ၄၃ဝ ကျော် IMF အတွက် ထည့်ဝင်ဖို့ G 20 ကတိပြု

  • 20 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Getty Images
Image caption International Monetary Fund နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့

စက်မှုအင်အားကြီး နိုင်ငံတွေပါတဲ့ ဂျီ 20 အဖွဲ့က နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့IMF ရဲ့ အရေးပေါ် ရံပုံငွေကို ဒေါ်လာဘီလီယံ ၄၃ဝ ကျော် အထိ ထည့်ဝင်ဖို့ ကတိပြုခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးမှာ အဖွဲ့ရဲ့ ဉီးဆောင်နိုင်စွမ်းကို နှစ်ဆတိုး မြှင့်တင်ကာ ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ယူရိုဇုန်ရဲ့ ဘဏ္ဍာရေး အကြပ်အတည်း ပြန့်နှံ့မသွားအောင်နဲ့ ကမ္ဘာ့ ငွေကြေးစျေးကွက် တည်ငြိမ်မှုရအောင် ဆောင်ရွက်နိုင်ဖို့ IMF ရဲ့ လွှမ်းမိုး လုပ်နိုင်စွမ်းကို မြှင့်တင်ချင်တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ဥရောပနဲ့ ဂျပန်က IMF ကို ဒေါ်လာ ဘီလီယံ ၃ဝဝ ထည့်ဝင်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်မှာ ကျင်းပနေတဲ့ ဂျီတွမ်တီး နိုင်ငံက ဘဏ္ဍာရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲမှာ ရုရှား ၊ တရုတ် ၊ ဘရာဇီးနဲ့ အိန္ဒိယ တို့လို ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေကလည်း IMFမှာ ငွေကြေးထည့်ဝင်ဖို့ ကတိပေးခဲ့တယ်လို့ သိရပါတယ်။