ပါကစ္စတန် ပြည်တွင်း လေယာဉ် ပျက်ကျ လူ ၁၂ရ သေဆုံး

  • 20 ဧပြီ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption Bhoja Air ပိုင်လေယာဉ် ပျက်ကျ

ပါကစ္စတန်မှာ ခရီးသည်တင် လေယာဉ် တစင်းဟာ အစ္စလာမ် မာဘတ်မြို့နား အရောက်မှာ ပျက်ကျသွားပြီး လေယာဉ်ပေါ်ပါသူ ၁၂ရ ယောက်လုံး သေဆုံးသွားပါတယ်။

လေယာဉ်ဟာ ဆင်းသက်ဖို့ မိနစ်ပိုင်း အလို မိုးကြိုးထိပြီး လူနေရပ်ကွက်နား အရောက်မှာ ပျက်ကျသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုတော့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက အပျက်အဆီး အပိုင်းအစတွေကို လိုက်လံ ရှာဖွေနေပါတယ်။

ဘိုးအင်း ရ၃ရ လေယာဉ်ဟာ ပါကစ္စတန် ပြည်တွင်း လေကြောင်းလိုင်း Bhoja Air ပိုင်ဖြစ်ပြီး ကရာချိမြို့ကနေ ပြည်တွင်းလမ်းကြောင်းတွေကို ပြေးဆွဲနေတာ ဖြစ်ပါတယ်။

ဒီလေကြောင်းလိုင်းဟာ ဘဏ္ဍာရေး အခက်အခဲကြောင့် ပိတ်ထားရာက ပြီးခဲ့တဲ့ လကမှ ပြန်လည် ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။