တောင်ပိုင်းဆူဒန် တပ်တွေ ရုပ်သိမ်းမယ်

  • 20 ဧပြီ 2012
Sudan ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရေနံ ကြွယ်ဝတဲ့ Heglig ဒေသကို တောင်ပိုင်း ဆူဒန် က ဝင်သိမ်း ထားတာပါ

တောင်ပိုင်း ဆူဒန် နိုင်ငံက ဆူဒန် ဆီကနေ ပြီးခဲ့တဲ့ သီတင်းပတ် က သိမ်းယူ ထားတဲ့ Heglig ဒေသ ကနေ သူတို့ တပ်တွေကို ချက်ချင်း ရုပ်သိမ်း ပေးဖို့ အမိန့် ထုတ် လိုက်ပါတယ်။

လာမယ့် သုံးရက် အတွင်း အဲဒီ ဒေသ ကနေ တောင်ပိုင်း ဆူဒန် တပ်တွေကို အပြီး ရုပ်သိမ်း မယ်လို့ သမ္မတ Salva Kiir က ထုတ်ပြန်တဲ့ ကြေညာချက် တခုမှာ ဖော်ပြ ထားပါတယ်။

တောင်ပိုင်း ဆူဒန်က အဲဒီ ဒေသကို ဝင်သိမ်း ခဲ့တဲ့ အတွက် နှစ်နိုင်ငံ ကြား စစ်ဖြစ်မယ့် အနေအထား အထိ ရောက်လာ မှာကို စိုးရိမ်မှု တွေ ရှိခဲ့ ပါတယ်။

ဆူဒန်ရဲ့ ရေနံ အဓိက ထုတ်လုပ်တဲ့ Heglig ဒေသ ကို တောင်ပိုင်း ဆူဒန်က ဝင်သိမ်း ခဲ့တဲ့ အတွက် ကျယ်ကျယ် ပြန့်ပြန့် ရှုတ်ချမှု တွေ ရှိခဲ့ ပါတယ်။

ဒီဒေသ ကနေ စစ်တပ်တွေ ဆုတ်ခွာ ပေးဖို့ ကုလ သမဂ္ဂနဲ့ အာဖရိက သမဂ္ဂတို့က တောင်ပိုင်း ဆူဒန်ကို တောင်းဆို ခဲ့ကြ ပါတယ်။