နောက်ဆုံး ရေးသားချိန် 22 ဧပြီလ 2012 - 15:40 GMT

ဘာရိန်းမှာ ဖေါ်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ကျင်းပပြီးစီး

အတိုက် အခံတွေက ဒီပြိုင်ပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်

ဘာရိန်းနိုင်ငံမှာ မတည်ငြိမ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့ကြားကပဲ ဖေါ်မြူလာဝမ်း ဂရောင်းပရီ ကားမောင်းပြိုင်ပွဲကို ကျင်းပခဲ့ပြီး၊ အခုတော့ ပြိုင်ပွဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

အတိုက် အခံတွေက ဒီပြိုင်ပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံမှာ ပြဿာနတွေ ဖြစ်နေတဲ့ အချိန်မျိုးမှာ ကားမောင်း ပြိုင်ပွဲကို ကျင်းပတဲ့အတွက် ဖေါ်မြူလာဝမ်း ကာမောင်းပြိုင်ပွဲအတွက် နာမည်ပျက်စေတယ်လို့ အတိုက်အခံ ပါလီမန်အမတ် ဖြစ်သူ ပီတာဟိန်းက ပြောပါတယ်။

အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေ အကြား ညလုံးပေါက် ထိပ်တိုက် ရင်ဆိုင်မှုတွေလည်း ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ကားမောင်းပြိုင်ပွဲကို အကာအကွယ်ပေးဖို့ အတွက် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေ၊ အနံ့ခံခွေးတွေနဲ့ သံချပ်ကာ ကားတွေကို ချထားလိုက်ပါတယ်။

ဘာရိန်းဘုရင် ဟာမတ် ဘင် အီဆာ အဲလ် ခါလီဖာက ဘာရိန်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ သူ့အနေနနဲ့ ကတိပြုပေးကြောင်း ပြောကြားပါတယ်။

ဘာရိန်းနိုင်ငံမှာ အများစုဖြစ်တဲ့ ရှီယာမွတ်ဆလင်တွေက လူနည်းစု ဆူနီတွေရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင် ဆန္ဒပြနေကြတာ ၁ နှစ်ကြာနေပြီ ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။