နယ်သာလန် အစိုးရ ပြိုကွဲလုမတတ် ဖြစ်နေ

  • 22 ဧပြီ 2012
mark_rutte
Image caption နယ်သာလန် ဝန်ကြီးချုပ် Mark Rutte

နယ်သာလန် နိုင်ငံက လစ်ဘရယ်တွေ ဉီးဆောင်တဲ့ အစိုးရဟာ ဘတ်ဂျက် လျှော့ချ ရေးအတွက် သဘော တူညီမှုတွေ မရခဲ့တဲ့ နောက်မှာ ပြိုကွဲ လုမတတ် အခြေအနေ ကို ရောက်နေပြီ ဖြစ်ပါတယ်။

အဓိက ပါတီ ကြီး ၃ ခုအကြားမှာ နိုင်ငံရဲ့ ဘတ်ဂျက်ကို ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်း အောက် လျှော့ချ ဖို့ ညှိနှိုင်းခဲ့ကြ ပေမယ့် ဘယ်လို လျှော့ချ ကြမလဲ ဆိုတဲ့ အပေါ်မှာ သဘော တူညီမှု မရ ခဲ့ပါဘူး။

နယ်သာလန် ဝန်ကြီးချုပ် Mark Rutte က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြား ရာမှာတော့ နိုင်ငံရေး အရ ပူးပေါင်း ထားကြတဲ့ ပါတီကြီး ၃ ခု တွေ့ဆုံပြီး အားလုံး လက်ခံနိုင်မဲ့ အဖြေ တွေကို ရှာခဲ့ ကြပေမယ့် မရခဲ့ တဲ့ အကြောင်းနဲ့ ဒီကိစ္စက လွယ်လွယ်နဲ့ အဖြေပေးလို့ မရဘဲ အားလုံး နှစ်သက်မဲ့ အဖြေတွေ ရဖို့ လိုတဲ့ အတွက် အစည်းအဝေးကို ရပ်နား ခဲ့တဲ့ အကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

နယ်သာလန် နိုင်ငံဟာ ယူရိုဇုန် အတွင်းမှာ ဘဏ္ဍာရေး စည်းကမ်းတွေကို တင်းကျပ်စွာ ချမှတ် ထားခဲ့ ပေမယ့်လည်း နိုင်ငံရဲ့ လိုငွေ ပြမှု တွေကတော့ တော်တော် များများကို ထိုးတက် သွား ခဲ့ပါတယ်။ အဲဒီက သတင်းထောက်တွေ ကတော့ မကြာခင် သတင်းပတ်တွေ အတွင်းမှာပဲ ရွေးကောက်ပွဲတွေ ကျင်းပလာ နိုင်တယ်လို့ ဆိုနေကြပါတယ်။