ပြင်သစ် ရွေးကောက်ပွဲ ပထမအကျော့ ကျင်းပ

  • 22 ဧပြီ 2012
_france ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ် သမ္မတ ရွေးကောက်ပွဲမှာ မဲပေး လာသူများ

ပြင်သစ် နိုင်ငံမှာတော့ သမ္မတ ရွေးကောက်ပွဲ ပထမအကျော့ရဲ့ ရလဒ် တချို့ ထွက်လာခဲ့ ပြီဖြစ်ပါတယ်။

လောလောဆယ် ရလဒ်တွေ အရတော့ နောက်လ မှာ ကျင်းပမဲ့ ဒုတိယ အကျော့မှာ လက်ရှိ သမ္မတ နစ်ကလပ်စ် ဆာကိုဇီးနဲ့ ဖရန်ဆွာ အိုလောန်းဒ် တို့ ယှဉ်ပြိုင် သွားရမှာ ဖြစ်ပါတယ်။

ရလဒ်တွေ ထွက်လာပြီး မကြာခင် မှာပဲ နှစ်ဉီးစလုံး က သူတို့ကို ထောက်ခံသူ တွေကို မိန့်ခွန်း စကား တွေပြောကြား ခဲ့ကြပါတယ်။ သမ္မတ ဆာကိုဇီးက မစ္စတာ အိုလောန်းဒ်ကို မျက်နှာချင်းဆိုင် စကားစစ်ထိုး ပွဲ ၃ ခု လုပ်ဖို့ စိန်ခေါ် ထားပါတယ်။

မစ္စတာ အိုလောန်းဒ် ကတော့ ပြင်သစ် ပြည်သူတွေက သူ့ကို နိုင်ငံ စီးပွားရေးကို အကျွမ်းကျင်ဆုံး ကိုင်တွယ် နိုင်မဲ့ သူအဖြစ် ထောက်ခံ ထားကြတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

မစ္စတာ အိုလောန်းဒ်က ပြင်သစ် တရားရေး စနစ်ကို ပြင်ဖို့၊ ဘဏ္ဍာရေးကို ထိန်းချုပ်နိုင်ဖို့၊ အကြွေးတွေ လျှော့ပစ်နိုင်ဖို့၊ အလုပ် အကိုင်သစ်တွေ ဖော်ဆောင်ဖို့၊ စက်မှု လုပ်ငန်းတွေကို ကာကွယ်ဖို့နဲ့ နိုင်ငံရဲ့ အနာဂတ်အတွက် ပြင်ဆင် နိုင်ဖို့ ပြင်သစ် ပြည်သူတွေက သူ့ကို နောက် သမ္မတ ဖြစ်ဖို့ ရှေ့က ပြေးနိုင်အောင် ရွေးချယ် မဲပေး ခဲ့ကြတယ်လို့ ဆိုလိုက်ပါတယ်။

ပထမ အကျော့မှာ သမ္မတလောင်း ၁၀ ဉီးက မေလ မှာ ပြုလုပ်မဲ့ ဒုတိယ အကျော့ကို ရောက်ဖို့ ယှဉ်ပြိုင် ခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယ အဆင့် အထိ မရောက်နိုင် ခဲ့ကြသူ တွေထဲမှာ တတိယ နေရာ ရလိမ့်မယ်လို့ မှန်းထား ကြတဲ့ အမျိုးသား တပ်ဉီး ပါတီက လက်ယာစွန်း သမ္မတ လောင်း မာရီးန် လ ပန်း လဲ ပါဝင်ပါတယ်။