IMF အစည်းအဝေးက အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချ

  • 22 ဧပြီ 2012
lagarde ဓာတ်ပုံ မူပိုင် Getty Images
Image caption IMF အကြီးအကဲ ခရစ်စတင်း လဂတ်ဒ်

နိုင်ငံတကာ ငွေကြေးရန်ပုံ ငွေအဖွဲ့ IMF ရဲ့ အကြီးအကဲ ဖြစ်တဲ့ ခရစ်တင်း လဂတ်ဒ်က သတင်းပတ်ကုန်ပိုင်းက ဝါရှင်တန်မှာ ပြုလုပ်ခဲ့ ကြတဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး ကနေ ကမ္ဘာ့ငွေကြေး အခက်အခဲတွေကို ဖြေရှင်း နိုင်ရေး အတွက် အရေးကြီးတဲ့ ဆုံး ဖြတ်ချက် တခုကို ချမှတ် နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

IMF ကနေ စီးပွားရေး အခက်ကြုံ နေတဲ့ နိုင်ငံတွေ အပေါ်မှာ ငွေကြေး အကူအညီတွေ ပေးဖို့ အတွက် ဒေါ်လာ ဘီလီယံ ၁၀၀ လောက် IMF မှာ ထပ်ဆောင်း ဖြည့်ကြဖို့ အတွက် ဘဏ္ဍာရေး ဝန်ကြီး တွေက သဘောတူ နိုင်ခဲ့ ကြပါတယ်။

ဒါပေမယ့် ဒီ အစည်းအဝေး ပြုလုပ်တဲ့ ဝါရှင်တန် မှာရှိတဲ့ ဘီဘီစီ သတင်းထောက် ကတော့ အဲဒီ နိုင်ငံတွေ အထဲမှာ ပါတဲ့ ဥရောပ နိုင်ငံတွေ အဖို့ တော့ လမ်းကြမ်း တွေကို ဆက်လျှောက် ရဉီးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။